Popular Post

Archive for September 2014

Video Call ခေါ်လို့ရတဲ့ Viber 5.0 လေးပါ ( For Android )

By : Ayoe Swe Kaung
လူကြီးမင်းတို့၏ ဖုန်းများမှာ Viber 5.0 အား Upgrade လုပ်ခြင်း ( သို့ ) Install လုပ်ခြင်းဖြင့် Viber ဖြင့် Video Call ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။ ဖုန်းကိုင်ဆောင်သူ ( ၂ ) ဦးစလုံး Viber 5.0 ရှိရမှာ ဖြစ်ပြီး နှစ်ဦး စလုံး Internet ဖွင့်ထားဖို့ လိုအပ်ပါသည်။ ဖုန်းခေါ်ဆိုသောအခါ တဘက်လူမှ ဖုန်းကိုင်ဆောင်သည့်အခါမှ Video Call ခလုတ်ပေါ်လာပြီး ဖုန်းကိုင်ဆောင်သူနှင့် ဖုန်းခေါ်ဆိုသူ ( ၂ ) ဦးလုံးမှ Video Call ခလုတ်အား နှိပ်ရမည် ဖြစ်ပါသည်။ သို့မှသာ တစ်ဦးနှင့် တစ်ဦး Video ဖြင့် မြင်နိုင်မည် ဖြစ်ပါသည်။ Viber 5.0 For Android အား ဆန္ဒရှိ၍ လိုချင်တယ် ဆိုလျှင်ဖြင့် အောက်မှာ Down သွားနိုင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Download Here

Link - 1

https://www.dropbox.com/s/c3bf927ad7wmlu4/Viber%205.0.0.4090.apk?dl=0




Link - 2


http://www.mediafire.com/download/16zk7wfq9leutxf/Viber_5.0.0.4090.apk














အားလုံးအောင်မြင်ကြပါစေ


Tag : ,

WCDMA Sim Card နှင့် USB Modem တွဲ သုံးပြီး Internet အသုံးပြု လိုပါသလား။ရော့ - အင့် ဒီ အတိုင်းလုပ်

By : Ayoe Swe Kaung
ယခုအခါတွင် Phone Sim Card များအား ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူ ရရှိနိုင် ပြီဖြစ် သောကြောင့်
Phone ဖြင့် Internet သုံးနေစဉ် Incoming Call ကြောင့် စိတ်အနှောင့် အယှက်ဖြစ်ကြသော သူများအတွက်
GSM/ WCDMA Sim Card နှင့် USB Modem တွဲသုံးပြီး Internet အသုံးပြု နိုင်စေရန် Settings ချိန်နည်းလေးကို
တင်ပြပါရစေ။ ပထမဦးစွာ Sim Card အား Prolink USB Modem တွင် ညွှန်ပြထားသည့် သတ်မှတ်ပုံစံအတိုင်း Modem
ထဲသို့ထည့်လိုက်ပါ။ ထို့နောက် Modem အား အဖုံးပြန်ပိတ်ပြီး မိမိ PC/ Laptop သို့ USB ပေါက်ဖြင့် ချိတ်ဆက်လိုက်ပါ။
Modem သည် Plug & Play ဖြစ်သည့်အတွက် Dirver Install ပြုလုပ်ရန် သူ့အလိုလို ပေါ်လာပါလိမ့်မည်။ My Computer
အား ဖွင့်ပါ။ My Computer Drives များ၏ နောက်ဆုံး Drive နေရာတွင် 3G icon လေး ပေါ်နေပါလိမ့်မည်။ ၎င်း icon
အား Right Click ထောက်၍ Install လုပ်လိုက်ပါ။ Driver Install လုပ်နေပြီး ခေတ္တနေလျှင် ပြီးသွားပါ လိမ့်မည်။
လူကြီးမင်း Computer ၏ Desktop ပေါ်တွင် 3G Modem icon Shortcut လေးကို တွေ့ရပါ လိမ့်မည်။ Desktop ပေါ်ရှိ
3G Modem icon ကို Double Click နှိပ်၍ ဖွင့်လိုက်ပါ။ Windows 8/ 8.1 တွင် ပထမဦးစွာ Error Box တက်လာနိုင်ကြောင်း
တွေ့ရပါလိမ့်မည်။ Error Box တက်လာပါက Error Box နှင့် Software ကို ပြန် ပိတ်လိုက်ပါ။ ထို့နောက် Desktop
ပေါ်ရှိ 3G icon Modem Software ကို ဒုတိယအကြိမ် Double Click နှိပ်၍ ပြန်ဖွင့်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မည်။
Modem Software ကိုပြန်ဖွင့်၍ တက်လာပြီဆို လျှင် Settings အား အောက်ပါအတိုင်း ချိန်ညှိပါ။

Settings - Add/ Edit - နှိပ်၊ Box တစ်ခု ကျလာပါလိမ့်မည်။ ထို Box တွင်

Config Name - mpt

Dial Number - *99#

Use the Following APN Address ကို ရွေး၍ mptnet ဟု ထည့်သွင်းပါ။

User Name နှင့် Password ထည့်သွင်းရန် မလိုပါ။

ထိုအခါ SMS Center Number တွင် 9595930003 သူ့ဖာသူ ပေါ်နေပါလိမ့်မည်။

ကျန်တာတွေအားလုံးဖြည့်ရန် မလိုပါ။ Apply နှိပ်၊ Ok ပေး၍ ပိတ်ပါ။ Settings - Connection တွင်
Null အား မရွေးပဲ၊ mpt အား ရွေးချယ်၍ Apply လုပ်ပါ။ Settings - Selection - Automatic ထားရန်။
သင်၏ Sim Card သည် GSM ဆိုပါက Settings - Preference - Automatic တွင် ထားပါ။ GSM မဟုတ်ပဲ
WCDMA Sim Card ဖြစ်ခဲ့သော် Internet Speed ပိုမြန်စေရန်အတွက် Settings - Preference - UMTS/ HSPA Only
တွင် ထားပါ။ Internet Speed အနည်းငယ် ပိုမြန်လာပါလိမ့်မည်။ အားလုံးပြီးစီးသွားပြီဆိုပါက Modem ဖြင့် Internet
ချိတ်ဆက်အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ Software ဖွင့်၍ တက်လာပြီဆိုလျှင် ညာ ဘက်ထောင့် အောက်ခြေရှိ
လူရုပ်ပုံလေးအားနှိပ်လိုက်ပါ။ Connect လုပ်သွားပါလိမ့်မည်။ ဒါဆို မိမိကြိုက်နှစ်သက်သော Browser ကိုဖွင့်၍
Internet အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ Internet ပြန်ပိတ် လိုလျှင် ညာဘက်ထောင့် အောက်ခြေရှိ ကြက်ခြေခတ်နှင့်
လူရုပ်ပုံစံလေးအား ပြန်နှိပ်၍ Disconnect လုပ်ပါ။ Software အား ပြန်ပိတ်ပါ။ ဒါဆို အားလုံး OK သွားပါပြီ။
Phone ဖြင့် Internet သုံးနေရင်း Incoming Call ၀င်လာ၍ စိတ်အနှောင့်အယှက် ဖြစ်ခြင်းမှ ကင်းဝေးကြပါစေ။
Sim Card အား ဈေးနှုန်းသက်သာစွာ ၀ယ်ယူရရှိနိုင်ပြီး၊ Prolink USB Modem မှာ ( 29000 Kyats )
ဝန်းကျင်ရှိပါသည်။ ယခုဖော်ပြသော Settings ချိန်ခြင်းမှာ MPT GSM/ WCDMA Sim Card အတွက်
ဖြစ်ပါသည်။ Modem မှာ Prolink USB Modem အမျိုးအစား ဖြစ်ပါသည်။ ဤ Post အား ဖတ်ရှုသူအား
လုံးအား အစဉ်လေးစားပါသည်။
လူကြီးမင်း၏ Sim Card မှာ Modem အတွင်း ရောက်ရှိနေခြင်းအတွက်
ငွေဖြည့်ရန်အခက်အခဲရှိပါက *123* Money Card Password * 09 Modem အတွင်းထည့် ထားသော
Sim Card ဖုန်းနံပါတ် # Call နှိပ်၍ အခြား ပြင်ပ GSM ဖုန်းတစ်ခု မှနေ၍ လူကြီးမင်း၏ Modem အတွင်းရှိ
Sim Card အား ငွေဖြည့်နိုင်ပါသည်။ Modem အတွင်းရှိ ဖုန်းနံပါတ်အား 09 ထည့်၍ ရိုက်နှိပ်ပါရန်။
Modem အတွင်းသို့ အခြား SIM Card များလည်း ထည့်သွင်း အသုံးပြုနိုင်ပါသည်။

ကျွန်တော်တို့ မြန်မာပြည်မှာတော့ MPT SIM Card သည် 1332 သို့ SWE ဟုစာရိုက်
ပြီး Message ပို့၍ Internet သုံးရသော ဆွေသဟာ အစီအစဉ်နှင့် ယခင် ရှေးရိုးအစဉ်အလာ
( ရှိရင်းစွဲ ပုံမှန် Internet အစီအစဉ် ) ဟူ၍ ( ၂ ) မျိုး ရှိလေရာ မိမိသုံးမည့် Internet အစီအစဉ်ကို
လိုက်၍ Line အနှေး၊ အမြန်နှုန်း ကွဲပြားနိုင်ပါသည်။

Modem အတွင်းသို့ SIM Card ထည့်ရာတွင် Settings ချိန်စရာ မလိုဘဲ သူအလိုလို Settings
ချိန်ပြီးသားများ ဖြစ်နေတတ်ပါ၍ Settings မချိန်မီ အလျင်ဦးစွာ Connect လုပ်ကြည့်ပါ။ Line
ချတ်ဆက်သွားပြီးဆိုလျှင် Settings မချိန်ပါတော့နှင့်။ Settings ချိန်ရန် မလိုအပ်တော့ပါ။ Line မချိတ်ဆက်ဘူးဆိုမှသာ ဤအထဲမှအတိုင်း စမ်းသပ်၍ Settings ချိန်ကြည့်ရ န်ဖြစ်ပါသည်။


ဖြည့်စွက်ရန်/

mpt အား Select လုပ်၊ Apply ပေးရန်နှင့် ( Null အား မရွေးပါနှင့် )။

Internet ချိတ်ဆက်ရန်အတွက် လူရုပ်ပုံလေးအား Click နှိပ်ရန် အောက်ပါ ပုံများအတိုင်း ကြည့်ရှု၍ လုပ်ဆောင်ကြည့်ပါ ခင်ဗျာ။

                                   


Modem ဆိုတာလေးက ဒီမှာ နော်

Modem ကို ကွန်ပျူတာ USB ပေါက်မှာ တပ်ဆင်ထားပုံ


Install လုပ်ပြီး icon လေးကို ဖွင့်လိုက်ရင် ဒီတိုင်း တက်လာမှာ ဖြစ်ပါတယ်
Settings ချိန်စရာ မလိုဘဲ သူအလိုလို Settings
ချိန်ပြီးသားများ ဖြစ်နေတတ်ပါ၍ Settings မချိန်မီ အလျင်ဦးစွာ Connect လုပ်ကြည့်ပါ။

( ညာဘက်အောက်ခြေမှ လူရုပ်ပုံလေးကို နှိပ်ပါ )
 Line ချတ်ဆက်သွားပြီးဆိုလျှင် Settings ချိန်ရန် မလိုအပ်တော့ပါ။
Browser ကို ဖွင့်၍ မိမိလိုအပ်သလို သုံးရန်သာ ဖြစ်ပါသည်။
Line မချိတ်ဆက်ဘူးဆိုမှသာ Settings - Add ကို နှိပ်ပါ။
ပေါ်လာသော အောက်ဖော်ပြပါ အကွက်တွင် Settings ချိန်ညှိရန်
ပုံပါအတိုင်း လုပ်ဆောင်ကြည့်ပါ


Settings - Add ကိုနှိပ်၍ ပေါ်လာသော ဤအကွက်တွင် ဒါလေးတွေကို ဖြည့်စွက်ပေးပါ
ဒါက ( MPT SIM Card အတွက် ပုံစံပါ )
အခြား SIM Card များအတွက်လည်း သူ့ ပုံစံနှင့်သူ ရပါသည်။
တခါတလေ ဘာမှ ဖြည့်စရာ မလိုပါ။
သူဖာသာသူ Line ချိတ်ဆက်သွားပါသည်။
Line တခါတည်း ချိတ်လိုက်ရုံသာ ဖြစ်ပါသည်။
Line မချိတ်ဆက်ဘူးဆိုပါက
MPT Sim Card အတွက် အထက်ပါအတိုင်း
Ooredoo အတွက် SIM Card အတွက် အထက်ပါအကွက်တွင်
internet
*99#
internet 
ဟု ဖြည့်စွက်ပေးပါရန်။
OK/Save လုပ်ေပးပါ။

ပြီးလျှင်Null ကို မရွေးပါနှင့်၊ mpt ကို ရွေး ( Ooredoo ဆို Ooredoo ကို ရွေး)၊ 
Apply လုပ်၊ Box ကို ပိတ်လိုက်ပါ။
အောက်ဖော်ပြပါ ပုံပါအတိုင်း ဆက်လက်ဆာင်ရွက်ကြည့်ပါ


ပုံးလေး အတိုင်းပဲ ပေါ့ဗျာ


ပုံးလေး အတိုင်းပဲ ပေါ့ဗျာ


ပုံးလေး အတိုင်းပဲ ပေါ့ဗျာ


ပုံးလေး အတိုင်းပဲ ပေါ့ဗျာ။
Software ကို ပိတ်လိုက်ပါ။
Modem ကို သင့် ကွန်ပျူတာမှ ဖြုတ်နိုင်ပါပြီ ခင်ဗျာ။

အားလုံးအောင်မြင်ကြပါစေ


Hello

By : Ayoe Swe Kaung
မင်္ဂလာပါ။

This is My New Sample Blog.
ဒါဟာ ကျွန်တော် itParami ၏ နမူနာ ဘလောဂ့် ပဲ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ် ခင်ဗျာ။



- Copyright © itParami - Date A Live - Powered by Blogger - Designed by Johanes Djogan -