Popular Post
Showing posts with label Computer နှင့် သက်ဆိုင်သော. Show all posts
ကွန်ပျူတာ သွက်လက်မြန်ဆန်ခြင်းကို အထောက်အကူ ပြုစေဖို့ Event Viewer Log Files တွေ ဖျက်ကြစို့
By : Ayoe Swe Kaung
ကွန်ပျူတာ သွက်လက်မြန်ဆန်ခြင်းကို အထောက်အကူပြုစေဖို့ Event Viewer Log Files တွေ ဖျက်ကြစို့
Unicode
ကွန်ပျူတာမှာ Event Viewer Log Files ဆိုတာ ရှိပါတယ်။ ၎င်း Files များဟာ ကွန်ပျူတာတွင် လုပ်ဆောင်နေသည့်
Application များနှင့် သက်ဆိုင်သော လုပ်ဆောင်ချက်များကို
မှတ်တမ်းတင် ( Record ) လုပ်ထားသော Files များ ဖြစ်ပါသည်။ Files များအား ကွန်ပျူတာ သွက်လက်မြန်ဆန်ဖို့ တဘက်တလမ်းမှ အထောက်အကူပြုသည့် သဘောအနေဖြင့်
Clear လုပ်နိုင်ပါတယ်။ Files များကို Clear လုပ်မည်ဆိုလျှင်
Windows 7 တွင်
Window Key + R နှိပ်၍ Run box ကို ခေါ်လိုက်ပါ။ Box ပေါ်လာလျှင် eventvwr လို့ ရိုက်ထည့်ပြီး Enter ခေါက် လိုက်ပါ။
Windows 8 တွင်
Mouse အား Screen ၏ ဘယ်ဘက်အောက်ခြေထောင့်သို့ ကပ်လိုက်ပြီး  Right Click နှိပ်လိုက်ပါ။
ပေါ်လာသည့်  Menu များအနက်မှ Event Viewer ကို ရွေးလိုက်ပါ။ (သို့)
Mouse အား Screen ၏ ညာဘက်ထောင့် အောက်ခြေသို့ ကပ်လိုက်ပြီး မှန်ဘီလူး ( Search ) ပေါ်လာလျှင် ရွေးလိုက်ပါ။
၎င်း Search Box တွင် eventvwr ဟု ရိုက်ထည့်၍ Enter ရိုက်ရမည်။ Search Box ၏ အောက်တွင် Apps အား Highlight
လုပ်ထားရမည်။
ထိုအခါတွင် Event Viewer ( Local ) Box ပေါ်လာမည်။ Box ပေါ်လာလျှင် ဘယ်ဘက်ရှိ Panel ထဲမှ Windows Logs အား
Double Click ခေါက်လိုက်ပါ။ ထပ်ပေါ်လာသည့်အထဲမှ  Application ဆိုတာကို ရွေးလိုက်ပါ။ အလယ် Panel ထဲတွင် Application  
Number of events ----  ဟု Events အရေအတွက်ကို ပြနေပါလိမ့်မည်။ ၎င်း Events များကို Clear လုပ်ရန် ညာဘက် Panel ထဲမှ
Clear log... ဆိုတာကို ရွေးနှိပ်လိုက်ပါ။ ဘယ်ဘက် Panel ထဲရှိ ( Application ) ကို Select လုပ်၍ Right Click ထောက်ပါကလည်း
Clear log... ဆိုတာကို တွေ့နိုင်ပါသည်။ Clear log.. ကို ရွေးလိုက်ပါ။
You can save the contents of this log before clearing it. ဆိုသည့် Box ပေါ်လာမည်။ ၎င်း Box မှ မိမိ နှစ်သက်ရာ Save
လုပ်လိုလျှင် Save and Clear (သို့) Save မလုပ်လိုလျှင် အလယ်မှ Clear ကို ရွေးလိုက်ပါ။ Event များအား Clear လုပ်ပြီး
ဖြစ်သွားပါလိမ့်မည်။
ယခု ဘယ်ဘက် Panel ထဲရှိ Windows logs အောက်မှ Application အား ရွေးပြီး ပေါ်လာသော Events များအား Clear ပြုလုပ်ခြင်းကို ပြသထားပါသည်။
အလားတူ ဘယ်ဘက် Panel ထဲရှိ Windows logs အောက်မှ System ကို ထပ်ရွေးပြီး ပေါ်လာသော Events များအား Clear ထပ်မံ ပြုလုပ်လိုက်ပါ။
ကျွန်တော့် အနေနှင့် ပညာရှင် မဟုတ်သည့်အတွက် ၎င်း Windows Logs အောက်ရှိ ( Application နှင့် System ) Events များကိုသာ Clear log... ပြုလုပ်ပြသထားပါသည်။
ကျန်သည့် အပိုင်းများအား Clear log... ပြုလုပ်ခြင်း မရှိပါ။  ပြီးလျှင် Event Viewer မှ ထွက်လိုက်ပါ။
ကွန်ပျူတာကို သွက်လက်မြန်ဆန်စေရန် ( Clean ) ပြုလုပ်ရမည့် နည်းလမ်းများစွာထဲမှ ဤ Event Viewer Log Files အား Clear Events ပြုလုပ်ခြင်းသည်လည်း
ကွန်ပျူတာကို သွက်လက်မြန်ဆန်စေရန် နည်းလမ်းတစ်ခု အနေဖြင့် အထောက်အကူပြု နိုင်ပါသည်။
အောက်မှာ ပုံတွေ ရှိတယ် နော်။
=====================================================================
Zawgyi
Windows 7 တွင်
Windows 8 တွင်
Window Key + X ကို နှိပ်လိုက်ပါ။ ( သို့ ) Mouse အား Screen ၏ ဘယ်ဘက်အောက်ခြေထောင့်သို့ ကပ်လိုက်ပြီး ( Right Click ) နှိပ်လိုက်ပါ။
Mouse အား Screen ၏ ညာဘက်အောက်ခြေထောင့်သို့ ကပ်လိုက်ပြီး မှန်ဘီလူး ( Search ) ပေါ်လာလျှင် ရွေးလိုက်ပါ။
၎င်း Search Box တွင် eventvwr ဟု ရိုက်ထည့်၍ Enter နှိပ်ရမည်။ Search Box ၏ အောက်တွက် Apps အား Highlight
လုပ်ထားရမည်။
Clear log... ဆိုတာ တွေ့နိုင်သည်။ Clear log.. ကို ရွေးနှိပ်လိုက်ပါ။
ဖြစ်သွားပါလိမ့်မည်။
ကွန်ပျူတာကို သွက်လက်မြန်ဆန်စေရန် ည်းလမ်းတစ်ခုအနေဖြင့် အထောက်အကူ ပြုနိုင်ပါသည်။
အားလုံးအောင်မြင်ကြပါစေ
Google Chrome Browser မှာ မြန်မာစာ ရိုက်လို့၊ ဖတ်လို့ ရအောင် ဒီတိုင်း လုပ်ကြမယ်
By : Ayoe Swe Kaung
Google Chrome Browser မှာ မြန်မာစာ ရိုက်ပြီး ဖတ်လို့လဲ ရအောင် ဒီတိုင်းသာလုပ်ကြရအောင်ဗျာ။
အပိုင်း ( ၁ )
Control Panel အပိုင်း ဝင်ရောက်ပြင်ဆင်ဆောင်ရွက်ခြင်း
Control Panel - Folder Options - View တွင်
Show hidden files, folders and drives အား Select လုပ် ( အမှန်ခြစ်) ၊OK ပေးပြန်ထွက်ရန်
အပိုင်း ( ၂ )
Partition အပိုင်း ဝင်ရောက်ပြင်ဆင်ဆောင်ရွက်ခြင်း
Computer - Local Disk (C:) -  Users - Bo Ma ( Local Account Name - တစ်ယောက်နှင့် တစ်ယောက်မတူနိုင်ပါ။ ) - AppData - Local - Google - Chrome - User Data - Default - User StylusSheets - Custom
တွေ့ရှိရသော Custom file အား- Right Click - Edit ကို နှိပ်လိုက်ပါ။
Custom - Notepad Plane စာမျက်နှာ ( ၁ ) ခု တွေ့ရမည်။  ၎င်းစာမျက်နှာတွင်
* , html, body, div, p{font-family:Zawgyi-One !important;}
ဖော်ပြပါ ကုတ်အား Copy ကူးယူပြီး Paste ချလိုက်ပါ။ ထို့နောက် File - Save လုပ်ပြီး ပြန်ထွက်လိုက်ပါ။
အပိုင်း ( ၃ )
Chrome Browser Setting - Fonts တွင် ဝင်ရောက်ပြင်ဆင်ဆောင်ရွက်ခြင်း
Chrome Browser ဖွင့်ပါ။
ညာဘက်အထက်ထောင့်ရှိ ( မျဉ်းကြောင်းလေး ၃ ကြောင်း ) Customize and Control Google Chrome အား ဖွင့်လိုက်ပါ။
Customize and Control Google Chrome - Settings - Show advance settings - Customize fonts - ကိုဖွင့် ( ညာဘက်မှ Scroll Bar အား အောက်သို့ဆွဲချပြီးကြည့်ရန် )
Standard font -             Zawgyi-One ပြောင်း
Serif font -                   Zawgyi-One ပြောင်း
Sans - serif font -          Zawgyi-One ပြောင်း
Fixed-width font -          Zawgyi-One ပြောင်း
ညာဘက်မှ Scroll Bar အား အောက်သို့ နည်းနည်းဆွဲချပါ။ အောက်တွင် ပေါ်လာသော -
Encoding - တွင် Western ( ISO 8859 - 1 ) အစား
Encoding - Unicode (UTF - 8 ) သို့ပြောင်းပါ။ ( ထိပ်ဆုံးတွင် ရှိသည်။)
အားလုံးပြီးလျှင် Done နှိပ်လိုက်ပြီး။ Chrome Browser အား Restart ချလိုက်ပါ။
Broswser အား ပြန်ဖွင့်ပြီး - မြန်မာလို စာရိုက်ကြည့်ပါ၊ မြန်မာစာ ဖတ်ကြည့်ပါ။ အားလုံး OK သွားပြီနော်။
ဆရာ့, ဆရာကြီးများ ၎င်းတို့၏ မူရင်း ဆိုဒ်တွင် ရေးသားပြီး ဖြစ်ပါသည်။
ကျွန်တော်မှ နည်းပညာ ပြန့်ပွားစေရန် ဖြန့်ဝေ လိုက်ပါသည်။
Credit to Original Author
အားလုံးအောင်မြင်ကြပါစေ
Computer တွင် Third Party Software မသုံးဘဲ Screenshot ရိုက်မည်
By : Ayoe Swe Kaung
Window 7 နှင့် Window 8 အတွက်
Computer တွင် Screenshot ရိုက်ရန် Third Party Software သွင်းထားရန် မလိုပါ။
၁။ Screenshot ဓါတ်ပုံရိုက်ရန်အတွက် Keyboard ပေါ်မှ Print Screen SysRq ( PrtSc ) ခလုတ်အား နှိပ်လိုက်ပါ။ ဘာအသံမှ ကြားရမည် မဟုတ် ပါ။ ဘာပုံမှလည်း ပေါ်လာမည် မဟုတ်ပါ။ ဆက်လက်၍ - 
၂။ Window 7 တွင် Window Key + R ခလုတ်အား နှိပ်လိုက်ပါ။ ( Run Box ) ခေါ်ရန် ဖြစ်ပါသည်။ Window Key သည် Ctrl Key နှင့် Alt Key ကြားတွင် ရှိသော Key ကို ဆိုလိုခြင်း ဖြစ်ပါသည်။
Windows 7 တွင် - Window Key + R ခလုတ် နှိပ် ၍ ( Run Box ) ပေါ်လာပါက Run Box တွင် Paint ဟု ရိုက်ထည့်လိုက်ပါ။ Paint စာမျက်နှာ Page တစ်ခုပေါ်လာပါမည်။ ၎င်း Page အား Mouse ဖြင့် Right Click ခေါက်ပြီး ပေါ်လာသည့်အထဲမှ Paste အားနှိပ်လိုက်ပါ။ ( သို့မဟုတ် ) Keyboard ပေါ်မှ Ctrl + V ခလုတ်ကို နှိပ်ပါ။ (သို့မဟုတ် ) ဘယ်ဘက်အ ထက်ထောင့်တွင်ရှိသော Paste ဟူသော ခလုပ်လေးအား နှိပ်လိုက်ပါက၎င်း Page ပေါ်တွင် မိမိရိုက်ထားသော Screenshot ဓါတ်ပုံ ရရှိပြီ ဖြစ်ပါသည်။
၎င်းပုံအား File - Save as ကို နှိပ်၍ မိမိလိုသော နေရာတွင် ( ဥပမာ၊ Desktop ပေါ်တွင် ) JPEG, GIF, TIFF, PNG Format အနေဖြင့် သိမ်းဆည်းနိုင်ပါသည်။
၃။ Windoes 8 တွင် Search Box ခေါ်တာ Windows 7 နှင့်မတူပါ။
Mouse အား Screen ၏ ညာဘက် အောက်ခြေအား ကပ်လိုက်ပါက Search, Share, Start, Devices, Settings ဟု ပေါ်လာပါမည်။ ၎င်းအထဲမှ အပေါ်ဆုံးမှ Search အား နှိပ်လိုက်ပါက Box တစ်ခုပေါ်လာပါမည်။
၎င်း Box ၏ အောက်တွင် Apps ဟူသော စာတမ်းက Hightlight ဖြစ်နေရ ပါမည်။ အခြား Settings, Files တို့  Hightlight ဖြစ်မနေရပါ။ အဆိုပါ Box ထဲတွင် Paint  ဟု ရိုက်ထည့်လိုက်ပါ။ ဘယ်ဘက်အကွက်တွင် Paint ပေါ် လာပြီး ၎င်းအား Click လုပ်လိုက်ပါက Windows 7 တုံးကလိုပဲ Paint စာမျက်နှာ Page တစ်ခုပေါ်လာပါမည်။ ၎င်း Page အား Mouse ဖြင့် Right Click ခေါက်ပြီး ပေါ်လာသည့်အထဲမှ Paste အားနှိပ်လိုက်ပါ။ ( သို့မဟုတ် ) Keyboard ပေါ်မှ Ctrl + V ခလုတ်ကို နှိပ်လိုက်ပါ။ ( သို့မဟုတ် ) ဘယ် ဘက်အထက်ထောင့်တွင် ရှိသော Paste ဟူသောခလုပ်လေးအားနှိပ် လိုက် ပါက ၎င်း Page ပေါ်တွင် မိမိရိုက်ထားသော Screenshot ဓါတ်ပုံ ရရှိပြီ  ဖြစ် ပါသည်။
၎င်းပုံအား File - Save as ကို နှိပ်၍ မိမိလိုသော နေရာတွင် ( ဥပမာ၊ Desktop ပေါ်တွင် ) JPEG, GIF, TIFF, PNG Format အနေဖြင့် သိမ်းဆည်းနိုင်ပါသည်။ နောက်တစ်နည်း -
၎။ Windows 7 နှင့် Windows 8 တွင် Paint စာမျက်နှာအား မခေါ်လိုပါက Computer မှ Adobe Photoshop Software အား ဖွင့်လိုက်ပါ။ Adobe Photoshop ပွင့်လာလျှင် File မှ New နှိပ် ပေါ်လာသော Box တွင် Preset နေရာအား  Custom တွင်ထားပြီး OK နှိပ်၊ Page အသစ်တစ်ခု ပေါ်လာပါ မည်။ ထို့နောက် အပေါ်ဘက် Menu Bar မှ Edit ကိုနှိပ် ပေါ်လာသည့်အ ထဲမှ Paste အား ရွေးချယ်နှိပ်လိုက်ပါက ၎င်း Page ပေါ်တွင် မိမိ ရိုက်ထား သော Screenshot ဓါတ်ပုံ ရရှိပြီ ဖြစ်ပါသည်။ ၎င်းပုံအား File - Save as ကို နှိပ်၍ မိမိလိုသော နေရာတွင် ( ဥပမာ၊ Desktop ပေါ်တွင် ) PSD,JPEG, TIFF Format အနေဖြင့် သိမ်းဆည်းနိုင်ပါသည်။ နောက်တစ်နည်း -
နောက်ထပ်တစ်နည်း  Windows 8 တွင် အောက်ပါအတိုင်း ဆောင်ရွက်နိုင် ပါသည်။
Mouse အား Screen ၏ ညာဘက် အောက်ခြေအား ကပ်လိုက်ပါက Search, Share, Start, Devices, Settings ဟု ပေါ်လာပါမည်။ ၎င်း အထဲ မှ အပေါ်ဆုံးမှ Search အား နှိပ်လိုက်ပါက Box တစ်ခုပေါ်လာပါမည်။၎င်း Box ၏ အောက်တွင် Apps ဟူသော စာတမ်းက Hightlight ဖြစ်နေရပါ မည်။ အခြား Settings, Files တို့  Hightlight ဖြစ်မနေရပါ။ အဆိုပါ Box ထဲတွင် Snipping tool  ဟု ရိုက်ထည့်လိုက်ပါ။ ဘယ်ဘက် အကွက်တွင် Snipping tool ပေါ်လာပြီး ၎င်း အား Click လုပ်လိုက်ပါ။ Box သေးသေး လေးတစ်ခု ပေါ်လာပါမည်။ အဆိုပါ Box တွင် New ဘေးရှိ မျှား သေးသေး လေးအားနှိပ်လိုက်ပါက မည်သည့်အနေအထား ဖြင့် Screenshot ရိုက်လို ကြောင်း မေးလာပါလိမ့်မည်။ ဥပမာ - Free Form Snip, Rectangular Snip, Window Snip, Full Screen Snip များမှ မိမိနှစ် သက်ရာ Snip တစ်ခု ရွေးချယ်၍ Screenshot ရိုက်နိုင်ပါသည်။ Free Form Snip, Rectangular Snip, Window Snip, Full Screen Snip တို့မှ တစ်ခုခုကို Screenshot ရိုက်ရန် ရွေးချယ်လိုက်မည်ဆိုပါက Screen သည် အဖြူရောင် သို့ပြောင်း၍ ဖြူဖွေးသွားမည် ဖြစ်ပါသည်။ ၎င်း ဖြူဖွေးသွားသော Screen ပေါ်သို့ Mouse ဖြင့် ထောက်၍ ( မိမိရိုက်လိုသော အပိုင်းပုံအားလုံးပါဝင် သောနေရာထိရောက်အောင် ) Mouse အား ဖိဆွဲရမည် ဖြစ်ပါသည်။
ပြီးနောက် အဆိုပါပုံအား အထက်တွင် ဖော်ပြထားသည့်အတိုင်း File, Save as ကို နှိပ်ပြီး မိမိလိုသောနေရာတွင် မိမ်လိုသော PNG,GIF, JPEG Format များဖြင့် သိမ်းဆည်းနိုင်ပါသည်။ မိမိသိမ်းဆည်းမည့် နေရာအား ရွေးချယ်ရ မည်ဖြစ်ပါသည်။ ဥပမာ - Desktop ပေါ်မှာလား စသည်ဖြင့်ပေါ့။ အားလုံး အဆင်ပြေကြပါစေခင်ဗျာ။ ဆရာကြီးများ ကျော်သွားကြပါကုန်။
- Copyright © itParami - Date A Live - Powered by Blogger - Designed by Johanes Djogan -