- Back to Home »
- Computer နှင့် သက်ဆိုင်သော »
- Computer တွင် Third Party Software မသုံးဘဲ Screenshot ရိုက်မည်
Posted by : Ayoe Swe Kaung
Thursday, November 27, 2014
Window 7
နှင့် Window 8 အတွက်
Computer တွင် Screenshot
ရိုက်ရန် Third Party Software သွင်းထားရန် မလိုပါ။
၁။
Screenshot ဓါတ်ပုံရိုက်ရန်အတွက် Keyboard ပေါ်မှ Print Screen SysRq ( PrtSc ) ခလုတ်အား
နှိပ်လိုက်ပါ။ ဘာအသံမှ ကြားရမည် မဟုတ် ပါ။ ဘာပုံမှလည်း ပေါ်လာမည် မဟုတ်ပါ။ ဆက်လက်၍ -
၂။
Window 7 တွင် Window Key + R ခလုတ်အား နှိပ်လိုက်ပါ။ ( Run Box ) ခေါ်ရန် ဖြစ်ပါသည်။
Window Key သည် Ctrl Key နှင့် Alt Key ကြားတွင် ရှိသော Key ကို ဆိုလိုခြင်း ဖြစ်ပါသည်။
Windows
7 တွင် - Window Key + R ခလုတ် နှိပ် ၍ ( Run Box ) ပေါ်လာပါက Run Box တွင် Paint ဟု
ရိုက်ထည့်လိုက်ပါ။ Paint စာမျက်နှာ Page တစ်ခုပေါ်လာပါမည်။ ၎င်း Page အား Mouse ဖြင့်
Right Click ခေါက်ပြီး ပေါ်လာသည့်အထဲမှ Paste အားနှိပ်လိုက်ပါ။ ( သို့မဟုတ် ) Keyboard
ပေါ်မှ Ctrl + V ခလုတ်ကို နှိပ်ပါ။ (သို့မဟုတ် ) ဘယ်ဘက်အ ထက်ထောင့်တွင်ရှိသော Paste
ဟူသော ခလုပ်လေးအား နှိပ်လိုက်ပါက၎င်း Page ပေါ်တွင် မိမိရိုက်ထားသော Screenshot ဓါတ်ပုံ
ရရှိပြီ ဖြစ်ပါသည်။
၎င်းပုံအား
File - Save as ကို နှိပ်၍ မိမိလိုသော နေရာတွင် ( ဥပမာ၊ Desktop ပေါ်တွင် ) JPEG,
GIF, TIFF, PNG Format အနေဖြင့် သိမ်းဆည်းနိုင်ပါသည်။
၃။
Windoes 8 တွင် Search Box ခေါ်တာ Windows 7 နှင့်မတူပါ။
Mouse
အား Screen ၏ ညာဘက် အောက်ခြေအား ကပ်လိုက်ပါက Search, Share, Start, Devices,
Settings ဟု ပေါ်လာပါမည်။ ၎င်းအထဲမှ အပေါ်ဆုံးမှ Search အား နှိပ်လိုက်ပါက Box တစ်ခုပေါ်လာပါမည်။
Box ၏ အောက်တွင် Apps ဟူသော စာတမ်းက Hightlight ဖြစ်နေရ ပါမည်။ အခြား Settings,
Files တို့ Hightlight ဖြစ်မနေရပါ။ အဆိုပါ
Box ထဲတွင် Paint ဟု ရိုက်ထည့်လိုက်ပါ။ ဘယ်ဘက်အကွက်တွင်
Paint ပေါ် လာပြီး ၎င်းအား Click လုပ်လိုက်ပါက Windows 7 တုံးကလိုပဲ Paint စာမျက်နှာ
Page တစ်ခုပေါ်လာပါမည်။ ၎င်း Page အား Mouse ဖြင့် Right Click ခေါက်ပြီး ပေါ်လာသည့်အထဲမှ
Paste အားနှိပ်လိုက်ပါ။ ( သို့မဟုတ် ) Keyboard ပေါ်မှ Ctrl + V ခလုတ်ကို နှိပ်လိုက်ပါ။
( သို့မဟုတ် ) ဘယ် ဘက်အထက်ထောင့်တွင် ရှိသော Paste ဟူသောခလုပ်လေးအားနှိပ် လိုက် ပါက
၎င်း Page ပေါ်တွင် မိမိရိုက်ထားသော Screenshot ဓါတ်ပုံ ရရှိပြီ ဖြစ် ပါသည်။
၎င်းပုံအား
File - Save as ကို နှိပ်၍ မိမိလိုသော နေရာတွင် ( ဥပမာ၊ Desktop ပေါ်တွင် ) JPEG,
GIF, TIFF, PNG Format အနေဖြင့် သိမ်းဆည်းနိုင်ပါသည်။ နောက်တစ်နည်း -
၎။
Windows 7 နှင့် Windows 8 တွင် Paint စာမျက်နှာအား မခေါ်လိုပါက Computer မှ Adobe
Photoshop Software အား ဖွင့်လိုက်ပါ။ Adobe Photoshop ပွင့်လာလျှင် File မှ New နှိပ်
ပေါ်လာသော Box တွင် Preset နေရာအား Custom တွင်ထားပြီး
OK နှိပ်၊ Page အသစ်တစ်ခု ပေါ်လာပါ မည်။ ထို့နောက် အပေါ်ဘက် Menu Bar မှ Edit ကိုနှိပ်
ပေါ်လာသည့်အ ထဲမှ Paste အား ရွေးချယ်နှိပ်လိုက်ပါက ၎င်း Page ပေါ်တွင် မိမိ ရိုက်ထား သော
Screenshot ဓါတ်ပုံ ရရှိပြီ ဖြစ်ပါသည်။ ၎င်းပုံအား File - Save as ကို နှိပ်၍ မိမိလိုသော
နေရာတွင် ( ဥပမာ၊ Desktop ပေါ်တွင် ) PSD,JPEG, TIFF Format အနေဖြင့် သိမ်းဆည်းနိုင်ပါသည်။
နောက်တစ်နည်း -
နောက်ထပ်တစ်နည်း
Windows 8 တွင် အောက်ပါအတိုင်း ဆောင်ရွက်နိုင်
ပါသည်။
Mouse
အား Screen ၏ ညာဘက် အောက်ခြေအား ကပ်လိုက်ပါက Search, Share, Start, Devices,
Box ၏ အောက်တွင် Apps ဟူသော စာတမ်းက Hightlight ဖြစ်နေရပါ မည်။ အခြား Settings,
Files တို့ Hightlight ဖြစ်မနေရပါ။ အဆိုပါ
Box ထဲတွင် Snipping tool ဟု ရိုက်ထည့်လိုက်ပါ။
ဘယ်ဘက် အကွက်တွင် Snipping tool ပေါ်လာပြီး ၎င်း အား Click လုပ်လိုက်ပါ။ Box သေးသေး လေးတစ်ခု
ပေါ်လာပါမည်။ အဆိုပါ Box တွင် New ဘေးရှိ မျှား သေးသေး လေးအားနှိပ်လိုက်ပါက မည်သည့်အနေအထား
ဖြင့် Screenshot ရိုက်လို ကြောင်း မေးလာပါလိမ့်မည်။ ဥပမာ - Free Form Snip,
Rectangular Snip, Window Snip, Full Screen Snip များမှ မိမိနှစ် သက်ရာ Snip တစ်ခု
ရွေးချယ်၍ Screenshot ရိုက်နိုင်ပါသည်။ Free Form Snip, Rectangular Snip, Window
Snip, Full Screen Snip တို့မှ တစ်ခုခုကို Screenshot ရိုက်ရန် ရွေးချယ်လိုက်မည်ဆိုပါက
Screen သည် အဖြူရောင် သို့ပြောင်း၍ ဖြူဖွေးသွားမည် ဖြစ်ပါသည်။ ၎င်း ဖြူဖွေးသွားသော
Screen ပေါ်သို့ Mouse ဖြင့် ထောက်၍ ( မိမိရိုက်လိုသော အပိုင်းပုံအားလုံးပါဝင် သောနေရာထိရောက်အောင်
) Mouse အား ဖိဆွဲရမည် ဖြစ်ပါသည်။
ပြီးနောက်
အဆိုပါပုံအား အထက်တွင် ဖော်ပြထားသည့်အတိုင်း File, Save as ကို နှိပ်ပြီး မိမိလိုသောနေရာတွင်
မိမ်လိုသော PNG,GIF, JPEG Format များဖြင့် သိမ်းဆည်းနိုင်ပါသည်။ မိမိသိမ်းဆည်းမည့်
နေရာအား ရွေးချယ်ရ မည်ဖြစ်ပါသည်။ ဥပမာ - Desktop ပေါ်မှာလား စသည်ဖြင့်ပေါ့။ အားလုံး
အဆင်ပြေကြပါစေခင်ဗျာ။ ဆရာကြီးများ ကျော်သွားကြပါကုန်။