Popular Post

Posted by : Ayoe Swe Kaung Friday, November 28, 2014


မိမိဖုန်းကို မိမိ Screenshot ရိုက်တော့မည်ဆိုလျှင် Hyawei ဖုန်းအချို့တွင်
၁။ Power ခလုတ်နှင့် Volume Down ခလုတ်တို့အား တပြိုင်တည်း ( ၂/၃ ) စက္ကန့်လောက် တွဲနှိပ်ထားကြည့်ပါ။ ( သို့ )
၂။ Notificarion Bar အား ဆွဲချလိုက်ပါ။ ဆွဲချပြီးလျှင် ပေါ်လာသော Noti များအပြင် နောက်ထပ် မမြင်ရပဲ ကျန်နေသော Noti များအားကြည့်ရန် ( ပေါ်လာသော Noti များအား ဘယ်ဘက်သို့ ဆွဲရွှေ့လိုက်ပါ။ Noti Bar တွင် ညာဘက်မှ ကျန်နေသည်များကို တွေ့ရပါလိမ့်မည်။ ၎င်း ညာဘက်မှ ကျန်နေသည်များထဲမှ အစွန်ဆုံးရှိ More အား ထပ်နှိပ်လိုက်ပါ။ Noti အားလုံးကို မြင်ရပါလိမ့်မည်။ ၎င်းတို့အထဲမှ Screenshot ဆိုသည်ကို ရွေး၍ နှိပ်လိုက်ပါ။ မိမိဖုန်း လက်ရှိရောက်ရှိနေသာ အနေအထားတွင် Screenshot ရိုက်ပြီးသား ဖြစ်သွားပါလိမ့်မည်။ ( သို့ )
၃။ အချို့ဖုန်းများတွင် Screenshot ရိုက်ရာတွင် Power ခလုတ်နှင့် Home ခလုတ်တို့အား တပြိုင်တည်း ( ၂/၃ ) စက္ကန့်လောက် တွဲနှိပ်ထားကြည့်ပါ။ ( သို့ ) အထက်ပါနည်းများ အဆင်မပြေလျှင် အောက်ပါ aSNAP Pro Scerrnshot apk အား Down ၍ Install  လုပ်လိုက်ပါ။ Down ပြီး apk အား အသုံးမပြုမှီ ဖုန်းတွင် Root ရှိရန် လိုအပ်ပါ သည်။
Root ရှိပြီးပါကလည်း မိမိဖုန်း Setting/ Manage apps/ All သို့သွား၍ ( Root apk ) အား သွားရှာပြီး ဖွင့်လိုက်ပါ။ ၎င်း apk သည် Enable ဖြစ်နေ/ မနေ စစ်ဆေးကြည့်ပါ။ Enable ဖြစ်ရန်အတွက် Disable ပေါ်နေရပါမည်။
Disable မပေါ်ပဲ Enable ပေါ်နေလျှင် ၎င်း Enable အား နှိပ်လိုက်ပါ။ ( Enable ) ဖြစ်သွားပြီး Disable ပေါ်လာပါလိမ့်မည်။ Root apk Enable ဖြစ်သွားပြီဆိုလျှင် Phone Screen ပေါ်တွင် vRoot apk ပေါ်လာမည်ကို တွေ့ရပါလိမ့်မည်။ ဒါဆို Ok ပါပြီ။ အဆင်မပြေလျှင် Enable/ Disable အား ၂ ခါ/ ၃ ခါ ပြုလုပ်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မည်။ ဖုန်းတစ်ခုနှင့်တစ်ချုRoot apk apk သည် တူချင်မှ တူပါလိမ့်မည်။ ကျွန်တော်၏ဖုန်းတွင်တော့ Root apk သည် ( V Root ) ဖြစ်ပါသည်။ ပုံနှင့်ပြထားပါသည်။ Root apk အား ဖုန်း Setting တွင် Enable လုပ်ပြီးပြီ ဆိုလျှင် တော့ စောစောက ကျွန်တော်တို့ Down ထားသော aSNAP  Pro Screenshot apk အား Run လိုက်ပါ။ မိမိဖုန်း Screen မျက်နှာပြင်ပေါ်တွင် ထောင့် တစ်နေရာရာတွင် Camera ပုံလေးပေါ်လာပါလိမ့်မည်။ ၎င်း Camera ပုံလေးအား နှိပ်လိုက်ပါက ပြုလုပ်ပုံအညွှန်းပေါ်လာမည်ဖြစ်ပြီး အမှန်ခြစ်အား  နှိပ်၍ ဆက်သွားပါ။ Root Access အား ခွင့်ပြု/ မပြု မေးပါလိမ့်မည်။ ခွင့်ပြုကြောင်း Allow အား နှိပ်၍ ဆက်သွားပါ။ ၎င်းနောက် မိမိဖုန်းအား Screenshot ရိုက်ပြီး ဖြစ်သွားပါ လိမ့်မည်။ Save ကို နှိပ်လိုက်ပါ။  မိမိရိုက်ထားသော Screenshot ပုံအား သိမ်းဆည်းသွားပါလိမ့်မည်။  မိမိဖုန်း Gallery တွင် ပြန်ကြည့်ပါ။ Screenshot ပုံအား တွေ့ရပါလိမ့်မည်။ စမ်းသပ်ကြည့်ကြပါ ခင်ဗျာ။ apk  အား Down ၍ Run ပြီး အဆင်ပြေသည်ဆိုပါက ခရစ်ကတ် ပေးပါသည်။ ( ကစားရအောင်ပေါ့ ) ။ ဤ apk သည် ကျွန်တော်မှ ပြန် Share လိုက်ခြင်း ဖြစ်ပါသည်။
aSNAP Pro Screenshot apk အား အောက်တွင် သွား၍ ခေါင်းခေါက်ယူလိုက်ပါ။ အဲ ဟုတ်ပေါင် Down ရိုက်ပါ ခင်ညာ။


Download Here

Link - 1


https://www.dropbox.com/s/k5rtmd10oki5v9r/aSNAP%20Pro%20Screenshot%201.0.3.apk?dl=0


 Link - 2


http://www.mediafire.com/download/3s7lm8p8m83cj1j/aSNAP_Pro_Screenshot_1.0.3.apk













အားလုံးအောင်မြင်ကြပါစေ



Leave a Reply

သင်၏ နည်းပညာလမ်းတစ်လျှောက်တွင် ကျွန်တော် တွေ့ရှိ မှတ်သားထားသော ဤ နည်းပညာလေးများသည် တံတားတစ်စင်း၊ လမ်းသွယ်လေးတစ်ခု အနေဖြင့် ရှိနေ နိုင်ပါစေ။

Subscribe to Posts | Subscribe to Comments

- Copyright © itParami - Date A Live - Powered by Blogger - Designed by Johanes Djogan -