Popular Post

Posted by : Ayoe Swe Kaung Friday, November 28, 2014



Xender Application ကတော့ Zapya လိုပါပဲ။ Android Phone တွေမှာ Application / File / Photo  တွေ တစ်ခုနှင့်တစ်ခု ပေးပို့လို့ရတဲ့ Application လေးပါ။ Zapya ကို လူတိုင်း သိကြပေမဲ့ Xender ကိုတော့ လူတိုင်း မသုံးစွဲကြသေးပါဘူး။ ဒါကြောင့် သုံးစွဲလိုသော ဆန္ဒရှိကြသူများ သုံးစွဲ နိုင်ကြစေရန် တင်ပြလိုက်ရပါသည်။ သုံးစွဲနည်းကတော့ လွယ်လွယ် ကူကူ ပါပဲ။ Zapya သုံးနေသူများ အတွက် ဘာမှထူးဆန်းမည် မဟုတ်ပါ။
ထုံးစံအတိုင်း Application အား ဖွင့်လိုက်ပါ။
ပထမဆုံး သုံးသူများအနေဖြင့် Application ပွင့်လာလျှင် Screen အား ဘယ်ဘက်သို့ ( ၃ ) ကြိမ်ရွှေ့လိုက်ပါ။ နောက် Start ခလုတ်အား နှိပ်လိုက်ပါ။ ပြီးမှ Files များ Share ရန် Connect to Share ကိုနှိပ်လိုက်ပါ။ Xender အား ပထမအကြိမ် သုံးစွဲခြင်းမဟုတ်ပါက Screen အား ဘယ် ဘက်သို့ ( ၃ ) ကြိမ် ရွှေ့၍ Start ခလုတ်အား နှိပ်ရန် မလိုပါ။ Connect to Share ကို နှိပ်ပြီးပါက ဖုန်းတစ်ခုနှင့်တစ်ခု ချိတ်ဆက်ရန် တစ်ဦးမှ Create Group ကိုရွေးလျှင် တစ်ဦးမှ Join Group ကို ရွေးရန် ဖြစ်ပါသည်။ ပြောင်း ပြန် တစ်ဦးမှ Join Group ကိုရွေးလျှင် တစ်ဦးမှ Create Group ကို ရွေးရန် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ပြီးပါက   ဖုန်းတစ်ခုနှင့်တစ်ခု  ချိတ်ဆက်ရန်
Searching လုပ်နေပါလိမ့်မည်။ မိမိဖုန်း ကွန်ယက်တွင် အခြားဖုန်းအားချိတ် ဆက်မိ၍ ဖုန်းပုံလေးပေါ်လာပြီဆိုလျှင်တော့ ၎င်းဖုးန်းအား Select လုပ် လိုက်ပါ။ ချိတ်ဆက်သွား ပါလိမ့်မည်။ ဒါဆိုလျှင် တစ်ဦးနှင့် တစ်ဦး ဖုန်းချင်းချိတ်ဆက်၍ စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ iOS သမားများ App Store မှ Down နိုင်သလို Android သမားများ Play Store မှ Down နိုင်ပါသည်။ Android သမားများအတွက် Xender နောက်ဆုံးထွက် Version လေး  2.1.1 အား တင်ပေးလိုက်ပါသည်။ 6.70 MB ရှိပါသည်။ လိုချင်လျှင်တော့ အောက်မှာ သွားပြီး လွတ်လွတ်လပ်လပ်သာ Down လိုက်ပါ - ခင်ဗျာ။ ဆရာကြီးများ မမြင်ချင်ယောင် ဆောင်သွား ကြပါရန် တောင်းပန်အပ်ပါသည်။

Download Here
Link - 1

https://www.dropbox.com/s/45fczfbblrxyicn/Xender.apk?dl=0


Link - 2

http://www.mediafire.com/download/7ax66m8vrw7gtnt/Xender.apk










အားလုံးအောင်မြင်ကြပါစေ



Leave a Reply

သင်၏ နည်းပညာလမ်းတစ်လျှောက်တွင် ကျွန်တော် တွေ့ရှိ မှတ်သားထားသော ဤ နည်းပညာလေးများသည် တံတားတစ်စင်း၊ လမ်းသွယ်လေးတစ်ခု အနေဖြင့် ရှိနေ နိုင်ပါစေ။

Subscribe to Posts | Subscribe to Comments

- Copyright © itParami - Date A Live - Powered by Blogger - Designed by Johanes Djogan -