Popular Post

Posted by : Ayoe Swe Kaung Friday, November 28, 2014



Apps2SD apk လေးနဲ့ပေါ့
Apps2SD apk လေးကတော့ လူသုံးတော်တော်များနေပါပြီ။ သူ့ကို မသုံး သော်လည်း အလားတူဆင်တူ apk များလည်း မြောက်များစွာ သုံးစွဲနေကြ တာ ရှိပါသည်။ သို့သော်လည်း မသိသေးများ၊ မသုံးဘူးသေးသူများ၊ သုံးရန် ရည်ရွယ်ထားပြီး ဘာသုံးရမှန်းမသိသူများအတွက် ရည်ရွယ်၍ တင်ပြလိုက် ရပါသည်။ Apps2SD သည် ဖုန်း Internal Storage ထဲမှ applications များကို မိမိဖုန်း၏ SD Card ( External Strorage ) သို့ ရွှေ့ပြောင်းပေး သော ( သို့ ) ဖုန်း External Storage ( SD  Card ) ထဲမှ applications များကို မိမိဖုန်း၏ ( Internal Strorage ) သို့ ပြန်လည်ရွှေ့ပြောင်းပေး သော apk ပဲ ဖြစ်ပါသည်။
၁။ ဖုန်း၏ Internal Storage သည် ပမာဏနည်းသဖြင့် applictions များ၊ Games များ ထည့်သွင်းထားခြင်းများလာသောအခါ နေရာယူမှု များလာပြီး နေရာလွတ် သိပ်မကျန်တော့သည့်အတွက် ဖုန်းလေးလံလာခြင်းများ ဖြစ် လာပြီး နောက်ထပ်မိမိအလိုရှိသည့် applictions များ၊ games များ ထည့် သွင်းသောအခါ မိမိဖုန်းတွင် နေရာလွတ်သိပ်မကျန်တော့သည့်အတွက် Insufficient Space ဟူသော ပြဿနာ ပေါ်ခြင်းနှင့် ရင်ဆိုင် ရနိုင်ပါသည်။ ထိုသို့သော အခြေအနေမျိုးတွင် မိမိတွင်ရှိသော applictions/ games များ အား မိမိဖုန်းတွင် အပိုစိုက်ထားသော External Storage ခေါ် SD Card ထဲသို့ ရွှေ့ပြောင်း ထည့်သွင်းပေးခြင်းသည် Insufficient Space ဟူသော စာတမ်းပေါ်လာပြီး applictions/ games များအား နောက်ထပ် ထပ်ထည့်၍ မရသော ပြဿနာမှ ဖြေရှင်းပေးသောနည်းလမ်း တစ်ခုလည်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် External Storage ( SD  Card ) သည် မိမိဖုန်း၏ ( Internal Strorage ) ထက် သိုလှောင်နိုင်မှု ပမာဏ ( G ) ပိုမိုများသော ကြောင့် ဖြစ်ပါသည်။
၂။ ထို့အပြင် မိမိ SD Card အား အသစ်လဲလှယ်မည်ဆိုပါက ထို SD Card အတွင်း ရောက်နေသော apps / games များကို Card မလဲလှယ်မီ မိမိဖုန်း အတွင်းသို့ ရနိုင်သမျှ ပြန်လည် ရွှေ့ပြောင်း ရယူနိုင်ပြီးမှ မိမိ SD Card အားအသစ်လဲလှယ်ခြင်းသည် မိမိအသုံးပြုနေနေသော apps / games ဆုံးရှုံးသွားခြင်းမှ ကာကွယ်ရာ ရောက်ပါသည်။ သို့ဖြစ်ပါ၍  Applictions များ၊ Games များ ကို ဟိုဘက်/ ဒီဘက် ရွှေ့ပြောင်နိုင်သော Apps2SD apk လေးကို စမ်းသုံးကြည့်ကြရအောင် ခင်ဗျာ။ သိပြီးသားသူများ ကျော်/ ခွ/ ဟိုဘက်လှည့်/ မမြင်ချင်ယောင် ဆောင်သွားကြရန် ဖြစ်ပြီး၊ မသိသေးသူ များ အတွက်သာ ရည်ရွယ်ပါသည်။ ဆရာကြီးများ အတွက် မဟုတ်ပါ။

Play store / 1 Mobile Market နှင့် Mobogenie တို့မှ အဆင်ပြေသလို Down နိုင်ပါသည်။ Download လုပ်၍ အဆင်မပြေသူများအတွက် ဖော်ပြပါ Link မှ လူကြီးမင်းတို့ အလိုရှိသလို Down နိုင်ပါသည်။ Link ( ၂ ) ခုပေး ထားပါသည်။ Apps2SD apk v 2.9 ပါ 1.34 MB ရှိပါသည်။ အားလုံးကို ကျေးဇူးတင်ပါ တယ်ခင်ဗျာ။


Download Her

Link - 1
 
https://www.dropbox.com/s/l5vc6v1bzy1ddmz/Apps2SD.apk?dl=0




Link - 2

http://www.mediafire.com/download/ewb9pd1k38zp1l9/Apps2SD.apk















အားလုံးအောင်မြင်ကြပါစေ


Leave a Reply

သင်၏ နည်းပညာလမ်းတစ်လျှောက်တွင် ကျွန်တော် တွေ့ရှိ မှတ်သားထားသော ဤ နည်းပညာလေးများသည် တံတားတစ်စင်း၊ လမ်းသွယ်လေးတစ်ခု အနေဖြင့် ရှိနေ နိုင်ပါစေ။

Subscribe to Posts | Subscribe to Comments

- Copyright © itParami - Date A Live - Powered by Blogger - Designed by Johanes Djogan -