Popular Post

Posted by : Ayoe Swe Kaung Friday, November 28, 2014

Andorid သမားများအတွက် Google Play Store မှ applictions နှင့် Games များကို Google Account ဖြင့် Play Store သို့ဝင်ပြီး Down ယူရရှိနိုင်သလို Apple iOS သမားများအတွက် iTunes Store နှင့် Apple Store တို့မှလည်းသီချင်းများ၊ applications များနှင့် Games များကို Down ယူရာတွင် Apple ID အား မေးမြန်းမှာဖြစ်ကြောင်း ( သို့ ) Apple ID Account ဖွင့်ပြီးမှ Down ယူရရှိနိုင်မည်ဖြစ်သောကြောင့် Gmail  Account    ( ၁ ) ခုဖြင့် Apple ID Account ဖွင့်ခြင်းအား ပုံများနှင့်တကွ ရှင်းပြလိုက်ရ ပါသည်။ Apple ID Account အား အခြား Microsoft Account               ( outlook.com/ hotmail.com ) တို့ဖြင့်လည်း ဖွင့်နိုင်ပါသည်။ သိပြီး ဆရာကြီးများ ကျော်ခွ သွားကြရန်နှင့် ဝါသနာပါ၍ ကျွန်တော့်လို မသိသေး သောသူများ သေချာစွာ ဖတ်ရှု လုပ်ဆောင်ကြည့်ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ Apple ID Account ဖွင့်တော့မည် ဆိုလျှင် မိမိတွင် Microsoft Account ( outlook/ hotmail ) ( သို့ ) Gmail Account ( ၁ ) ခုရှိပြီး ဖြစ်ရပါမည်။

၁။ Computer / iPad / iPhone တို့ဖြင့် လုပ်ဆောင်ရန်
၂။ မိမိအသုံးပြုမည့် Device အား Internet ဖွင့်ထားရန်
၃။ မိမိနှစ်သက်ရာ Browser ( ဥပမာ - Firefox Browser ) ကို ဖွင့်ပြီး ဒီလင့် www.appleid.apple.com ကို
  သွားလိုက်ပါ။
၎။ ပေါ်လာသော Page မှ Create New Apple ID ဟူသော ခေါင်းစဉ်အား ရွေးချယ်ရန်
ထိုသို့ရွေးချယ်ပြီးပါက အောက်တွင်ဖော်ပြထားသော ပုံများအတိုင်း ဆက် လက်လုပ်ဆောင် သွားရန်ဖြစ်ပါသည်။

Email Verify လုပ်ရာတွင် မိမိဖွင့်ခဲ့သော Emil လိပ်စာသို့ဝင်ပြီး Verify လုပ်သည့်အပြင်၊ နောက်ထပ် Apple ID ဖွင့်စဉ်က ဖြည့်ပေးခဲ့သော Rescue Email လိပ်စာသို့လည်းဝင်၍ Verify ( ၂ ) ခါ လုပ်နိုင်ပါသည်။ ပုံတွင် ( ၂ ) ခုစလုံး ပြသထားပါသည်။
Account ဖွင့်ပြီးနောက် မိမိ Apple ID Account အား iTunes Store, App Store တို့တွင် အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်ပုံ
 
Apple ID Account အောင်မြင်စွာ ဖွင့်ပြီးပြီ ဆိုပါက အသုံးပြုနိုင်ရန်အတွက် မိမိ iPhone/ iPad တွင် -
Setting - iCloud သို့ဝင်ပါ။ ညာဘက်အကွက်ရှိ iCloud Account ဟူသော အကွက်တွင်ကြည့်ပါ။ Setting - iCloud သို့ဝင်ရာတွင်  ညာဘက်အကွက် ရှိ iCloud Account ဟူသော အကွက်တွင် နဂိုမူလ ( မိမိကိုယ်ပိုင်မဟုတ် သော ) Apple ID Account ( ၁ )ခုရှိနေပါက ၎င်း Account အား ဖယ်ရန် Delete လုပ်ရမည်ဖြစ်ပါသည်။ Delete လုပ်ရန်အတွက် Screen အား အပေါ်သို့ အနည်းငယ်ဆွဲတင်ပြီးအောက်တွင်တွေ့ရသော Delete Account အားနှိပ်၍ လက်ရှိ Acoount အား ဖယ်လိုက်ပါ။ ပြီးမှယခုမိမိလုပ်ထားသော ကိုယ်ပိုင် Apple ID Account အား ဖြည့်ရမည် ဖြစ်ပါသည်။
မိမိကိုယ်ပိုင် လုပ်ထားသော Apple ID Account အား ဖြည့်ရန်အတွက် Setting - iCloud သို့ဝင်ပါ။ ညာဘက်အကွက်ရှိ iCloud Account ဟူသော အကွက်အား နှိပ်၍ဖွင့်လိုက်ပါ။ ပြီးလျှင် ထပ်မံပေါ်လာသော အကွက်တွင် မိမိယခုပြုလုပ်ရရှိထားသော  Apple ID Account Name နှင့် Password ကို ရိုက်ထည့်လိုက်ပါ။
၎င်းနောက် အပေါ်နားရှိ Done ကိုနှိပ် လိုက်ပါ။ ပြီးပါပြီ။ ဒါဆိုရင် မိမိ Apple ID Account အား အသုံးပြု၍ iTunes Store နှင့် Apple Store တို့မှ သီချင်းများ၊  applications နှင့်  Games များကို  Download ရယူနိုင်ပြီ ဖြစ်
ပါသည်။ အားလုံးအဆင်ပြေသွားပါလိမ့်မည်။ ကျေးဇူးတင်ပါသည်။ ထိတ်ကြိုက်တောက်၊ ထိတ်ကြိုက်ချားပါ။ မူးရင်ပြီးရောဗျာ။ အဲ - ဟုတ်ပေါင်။ Account ဖွင့်လို့ရရင် ပြီးရောပေါ့ - ခင်ညာ။
အောက်မှာပုံများကို ကြည့်ပါ။
ပုံများနှင့် PDF File အား စမ်းသပ်ဆောင်ရွက်လိုပါက အောက်မှာ Down ရန် Download Link ( ၂ ) ခုပေးထားပါသည်။

Link - 1

https://www.dropbox.com/s/gds50b6ztrafig8/Create%20Apple%20ID%20Account.pdf?dl=0



Link - 2

http://www.mediafire.com/view/ul0d9hem2f07d5y/Create_Apple_ID_Account.pdf






































































အားလုံးအောင်မြင်ကြပါစေ


Leave a Reply

သင်၏ နည်းပညာလမ်းတစ်လျှောက်တွင် ကျွန်တော် တွေ့ရှိ မှတ်သားထားသော ဤ နည်းပညာလေးများသည် တံတားတစ်စင်း၊ လမ်းသွယ်လေးတစ်ခု အနေဖြင့် ရှိနေ နိုင်ပါစေ။

Subscribe to Posts | Subscribe to Comments

- Copyright © itParami - Date A Live - Powered by Blogger - Designed by Johanes Djogan -