- Back to Home »
- Computer နှင့် သက်ဆိုင်သော »
- ကွန်ပျူတာ သွက်လက်မြန်ဆန်ခြင်းကို အထောက်အကူ ပြုစေဖို့ Event Viewer Log Files တွေ ဖျက်ကြစို့
ကွန်ပျူတာ သွက်လက်မြန်ဆန်ခြင်းကို အထောက်အကူပြုစေဖို့ Event Viewer Log Files တွေ ဖျက်ကြစို့
Unicode
ကွန်ပျူတာမှာ Event Viewer Log Files ဆိုတာ ရှိပါတယ်။ ၎င်း Files များဟာ ကွန်ပျူတာတွင် လုပ်ဆောင်နေသည့်
Application များနှင့် သက်ဆိုင်သော လုပ်ဆောင်ချက်များကို
မှတ်တမ်းတင် ( Record ) လုပ်ထားသော Files များ ဖြစ်ပါသည်။ Files များအား ကွန်ပျူတာ သွက်လက်မြန်ဆန်ဖို့ တဘက်တလမ်းမှ အထောက်အကူပြုသည့် သဘောအနေဖြင့်
Clear လုပ်နိုင်ပါတယ်။ Files များကို Clear လုပ်မည်ဆိုလျှင်
Windows 7 တွင်
Window Key + R နှိပ်၍ Run box ကို ခေါ်လိုက်ပါ။ Box ပေါ်လာလျှင် eventvwr လို့ ရိုက်ထည့်ပြီး Enter ခေါက် လိုက်ပါ။
Windows 8 တွင်
Mouse အား Screen ၏ ဘယ်ဘက်အောက်ခြေထောင့်သို့ ကပ်လိုက်ပြီး Right Click နှိပ်လိုက်ပါ။
ပေါ်လာသည့် Menu များအနက်မှ Event Viewer ကို ရွေးလိုက်ပါ။ (သို့)
Mouse အား Screen ၏ ညာဘက်ထောင့် အောက်ခြေသို့ ကပ်လိုက်ပြီး မှန်ဘီလူး ( Search ) ပေါ်လာလျှင် ရွေးလိုက်ပါ။
၎င်း Search Box တွင် eventvwr ဟု ရိုက်ထည့်၍ Enter ရိုက်ရမည်။ Search Box ၏ အောက်တွင် Apps အား Highlight
လုပ်ထားရမည်။
ထိုအခါတွင် Event Viewer ( Local ) Box ပေါ်လာမည်။ Box ပေါ်လာလျှင် ဘယ်ဘက်ရှိ Panel ထဲမှ Windows Logs အား
Double Click ခေါက်လိုက်ပါ။ ထပ်ပေါ်လာသည့်အထဲမှ Application ဆိုတာကို ရွေးလိုက်ပါ။ အလယ် Panel ထဲတွင် Application
Number of events ---- ဟု Events အရေအတွက်ကို ပြနေပါလိမ့်မည်။ ၎င်း Events များကို Clear လုပ်ရန် ညာဘက် Panel ထဲမှ
Clear log... ဆိုတာကို ရွေးနှိပ်လိုက်ပါ။ ဘယ်ဘက် Panel ထဲရှိ ( Application ) ကို Select လုပ်၍ Right Click ထောက်ပါကလည်း
Clear log... ဆိုတာကို တွေ့နိုင်ပါသည်။ Clear log.. ကို ရွေးလိုက်ပါ။
You can save the contents of this log before clearing it. ဆိုသည့် Box ပေါ်လာမည်။ ၎င်း Box မှ မိမိ နှစ်သက်ရာ Save
လုပ်လိုလျှင် Save and Clear (သို့) Save မလုပ်လိုလျှင် အလယ်မှ Clear ကို ရွေးလိုက်ပါ။ Event များအား Clear လုပ်ပြီး
ဖြစ်သွားပါလိမ့်မည်။
ယခု ဘယ်ဘက် Panel ထဲရှိ Windows logs အောက်မှ Application အား ရွေးပြီး ပေါ်လာသော Events များအား Clear ပြုလုပ်ခြင်းကို ပြသထားပါသည်။
အလားတူ ဘယ်ဘက် Panel ထဲရှိ Windows logs အောက်မှ System ကို ထပ်ရွေးပြီး ပေါ်လာသော Events များအား Clear ထပ်မံ ပြုလုပ်လိုက်ပါ။
ကျွန်တော့် အနေနှင့် ပညာရှင် မဟုတ်သည့်အတွက် ၎င်း Windows Logs အောက်ရှိ ( Application နှင့် System ) Events များကိုသာ Clear log... ပြုလုပ်ပြသထားပါသည်။
ကျန်သည့် အပိုင်းများအား Clear log... ပြုလုပ်ခြင်း မရှိပါ။ ပြီးလျှင် Event Viewer မှ ထွက်လိုက်ပါ။
ကွန်ပျူတာကို သွက်လက်မြန်ဆန်စေရန် ( Clean ) ပြုလုပ်ရမည့် နည်းလမ်းများစွာထဲမှ ဤ Event Viewer Log Files အား Clear Events ပြုလုပ်ခြင်းသည်လည်း
ကွန်ပျူတာကို သွက်လက်မြန်ဆန်စေရန် နည်းလမ်းတစ်ခု အနေဖြင့် အထောက်အကူပြု နိုင်ပါသည်။
အောက်မှာ ပုံတွေ ရှိတယ် နော်။
Zawgyi
Windows 7 တွင်
Windows 8 တွင်
Window Key + X ကို နှိပ်လိုက်ပါ။ ( သို့ ) Mouse အား Screen ၏ ဘယ်ဘက်အောက်ခြေထောင့်သို့ ကပ်လိုက်ပြီး ( Right Click ) နှိပ်လိုက်ပါ။
Mouse အား Screen ၏ ညာဘက်အောက်ခြေထောင့်သို့ ကပ်လိုက်ပြီး မှန်ဘီလူး ( Search ) ပေါ်လာလျှင် ရွေးလိုက်ပါ။
၎င်း Search Box တွင် eventvwr ဟု ရိုက်ထည့်၍ Enter နှိပ်ရမည်။ Search Box ၏ အောက်တွက် Apps အား Highlight
လုပ်ထားရမည်။
Clear log... ဆိုတာ တွေ့နိုင်သည်။ Clear log.. ကို ရွေးနှိပ်လိုက်ပါ။
ဖြစ်သွားပါလိမ့်မည်။
ကွန်ပျူတာကို သွက်လက်မြန်ဆန်စေရန် ည်းလမ်းတစ်ခုအနေဖြင့် အထောက်အကူ ပြုနိုင်ပါသည်။
အားလုံးအောင်မြင်ကြပါစေ