Popular Post

Posted by : Ayoe Swe Kaung Saturday, January 24, 2015

ဒါလေးကတော့ ဖုန်းမှာ File များကို Down ယူသောအခါ နေရာလွတ် မရှိ၍ Down မရပါဘူး
ဆိုသော ပြဿနာအတွက် ဖြေရှင်းနည်းလေးတစ်ခုပါ။ အခြား apps တွေ၊ apks တွေ၊ ဓါတ်ပုံတွေ၊
Games တွေ၊ သီချင်းတွေ၊ Movies တွေ ဖျက်ပစ်ခြင်း၊ UnInstall ပြုလုပ်ခြင်း စသည့်နည်းများ
လုပ်ကြည့်လဲ မရဘူး။ Phone / Setting ဝင်ကြည့်တော့လည်း SD Card မှာ ( Storage Space ) နေရာလွတ် အများကြီး ကျန်နေသေးတယ်။ ဒါပေမဲ့ File တွေ Down ယူတိုင်း Insufficient Space ပြနေတယ်၊ ဖုန်းကလည်း အသစ်ကြီး ဝယ်လာတာ မကြာသေးဘူး၊ ဘာမှလည်း apks တွေ ထည့်မထားရသေးဘဲနဲ့၊ ဘာလို့ File တွေကို Down မရလဲဆိုသူများအတွက် ဒီနည်းလေးနှင့် ဖြေရှင်း ကြည့်ကြပါအုံးလို့ ပြောလိုက်ပါရစေနော်။

ဖုန်းမှ File Manager ကို ဖွင့်လိုက်ပါ။
Internal နှင့် SD Card ဆိုတာ ပြနေပါလိမ့်မည်။ ဆက်လက်ပြီး ဖော်ပြပါ ပုံများအတိုင်း လိုက်၍လုပ်ဆောင်
ကြည့်လိုက်ပါအုံး ခင်ဗျာ။ အဆင်ပြေသင့်သော ဖုန်းများ အဆင်ပြေသွားပါလိမ့်မည်။ ဤနည်းနှင့် အားလုံး အဆင်ပြေသွားလိမ့်မည်ဟု မဆိုလိုပါ။
Folder ထဲမှ File များကို ဖျက်သောအခါ မိမိ စိတ်မချသော၊ ဇဝေဇဝါ ဖြစ်နေသော၊ မိမိ သိမ်းဆည်း
ထားတာများ ထိခိုက်မည်ဟု ထင်သော File များ အား မဖျက်ရန် ကြိုတင် အကြောင်းကြား တင်ပြအပ်ပါသည်။ ကိုယ့် File ကိုယ် မဖျက်တာ ဘယ်သူမှ ဘာမှ မပြောပါဘူး။
Folder ထဲက မလိုအပ်တဲ့ File များ ဖျက်ပြီး ပြန် Down ကြည့်ပါ။ လူကြီးမင်းဖုန်းမှာ
Insufficient space ဟူသော ပြဿနာ ရှိချင်မှ ရှိပါတော့မည်။ စမ်းကြည့်ကြပါ ခင်ဗျာ။
Internal နှင့် SD Card ထဲမှာ ရှိသော Folder အားလုံး၊ File အားလုံး တစ်ခုပြီးတစ်ခု ဖွင့်ကြည့်ပြီး ဖော်ပြပါပုံများအတိုင်း မလိုလားအပ်သောFiles များအားလုံးကို ဖျက်ကြည့်လိုက်ပါ။











အားလုံးအောင်မြင်ကြပါစေ



Leave a Reply

သင်၏ နည်းပညာလမ်းတစ်လျှောက်တွင် ကျွန်တော် တွေ့ရှိ မှတ်သားထားသော ဤ နည်းပညာလေးများသည် တံတားတစ်စင်း၊ လမ်းသွယ်လေးတစ်ခု အနေဖြင့် ရှိနေ နိုင်ပါစေ။

Subscribe to Posts | Subscribe to Comments

- Copyright © itParami - Date A Live - Powered by Blogger - Designed by Johanes Djogan -