Popular Post
Posted by : Ayoe Swe Kaung Sunday, December 21, 2014
Gmail နှင့် Facebook Account သစ် ဖောက်ဖို့အတွက် HeyWire ဖြင့် နိုင်ငံခြား ဖုန်းနံပါတ် (၁) ခု ယူထားမယ်
HeyWire apk ( V 4.5.10 )
Unicode
အရင်ဦးစွာ - ကျွန်တော် တင်ပြသည့် စာသည် ရှည်နေသည့်အတွက် သည်းခံ၍ ဖတ်ရှုပေးပါရန် တောင်းပန် အပ်ပါသည်။
HeyWire Account ဖွင့်၍ နိုင်ငံခြား ဖုန်းနံပါတ် (၁) ခု ယူ ထားလိုက်ပါ။
HeyWire Account ဖွင့်၍ ရရှိလာသော နိုင်ငံခြား ဖုန်းနံပါတ်သည် လူကြီးမင်း Gmail နှင့် Facebook Account သစ် ဖောက်နေစဉ် Account မပွင့်ပဲ fake name ပြောနေခြင်း၊ စာလိမ် ဖြေခိုင်းနေခြင်း၊ ဆက်လက်၍ Text Message ဖြင့် Code No ပို့ရန် ဖုန်းနံပါတ် တောင်းခံနေခြင်းများနှင့် ကြုံတွေ့နေရပါက  ( တကယ် လည်း ကြုံတွေ့နေရပါသည် )  ၎င်း ကိစ္စအား ကူညီ ဖြေရှင်းနိုင်သော ဖုန်းနံပါတ် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ HeyWire နှင့် ပတ်သက်၍ အပိုင်း (၃) ပိုင်းဖြင့် တင်ပြလိုပါသည်။
(က) HeyWire Account ဖွင့်၍ နိုင်ငံခြား ဖုန်းနံပါတ် (၁) ခု ရယူခြင်း။
(ခ) Browser ဖြင့် Gmail Account သစ် (၁) ခု ဖောက်ခြင်း။
(ဂ) Browser ဖြင့် Facebook Account သစ် (၁) ခု ဆက်ဖောက်ခြင်း တို့ ဖြစ်ပါသည်။
(က) HeyWire Account ဖွင့်၍ နိုင်ငံခြား ဖုန်းနံပါတ် (၁) ခု ခုရယူခြင်း။
၁။ HeyWire Account ဖွင့်၍ နိုင်ငံခြား ဖုန်းနံပါတ် (၁) ခု ရယူ ထားလိုက်ပါ။
အောက်တွင် HeyWire Account ပြုလုပ်ပုံအား ပုံများနှင့် တစ်ကွ တင်ပြထားပါသည်။
HeyWire မှ ဖုန်းနံပါတ် ရရှိပြီဆိုလျှင် ဆက်လက်လုပ်ဆောင်ရန်။
(ခ) Browser ဖြင့် Gmail Account သစ် (၁) ခု ဖောက်ခြင်း။
Browser ဖြင့် ပြုလုပ်မှာ ဖြစ်သည့်အတွက် ကွန်ပျူတာရှိလျှင် ကွန်ပျူတာဖြင့် ပြုလုပ်စေချင်ပါသည်။
Gmail အသစ်အား ( ဖုန်းနံပါတ် မပေးပဲ ) Account အသစ် (၁) ခု ဖောက်လိုက်ပါ။
ကံကောင်းလျှင် Gmail Account သစ် (၁) ခု တန်းပွင့် သွားပါလိမ့်မည်။
ကံမကောင်းလျှင် Gmail တန်း မပွင့်ပဲ  fake name လို့ ပြော နေပါလိမ့်မည်။ Continue ကို နှိပ်လိုက်ပါ။
စာလိမ် ပေါ်နေမည်။ ၎င်း စာလိမ်ကို ဖြေလိုက်ပါ။
Text Message ဖြင့် Code No ပို့ရန် ဖုန်းနံပါတ် တောင်းခံနေသည်ကို တွေ့ရ ပါလိမ့်မည်။ စိတ် မပူပါနဲ့။ အဲဒီ နေရာမှာ -
Country ကို United States ထားပြီး
Phone No နေရာမှာ HeyWire က ဖုန်းနံပါတ် ထည့်ပေးလိုက်ပါ။
ပြီးလျှင် မိမိဖုန်းမှာ Internet ဖွင့်ထားပြီး HeyWire app ကို ဖွင့်ကြည့်လိုက်ပါ။ Gmail Accont သစ် ဖောက်ရန် Code No ရောက်နေပါပြီ ခင်ဗျာ။ အဲဒီ Code နံပါတ်ကို Gmail Account ဖောက်တဲ့ နေရာမှာ ပြန်ထည့် ပေးလိုက်ပါ။
OK ပေး၊ Save Changes လုပ်လိုက်ပါ။ ပြန်ထွက်လိုက်ပါ။ Gmail Account ပွင့် သွားပါပြီ။ မယုံရင် ပြန်ဝင်ကြည့်ပါ။
(ဂ) Browser ဖြင့် Facebook Account သစ် (၁) ခု ဆက်ဖောက်ခြင်း။
၁။ Browser တွင် New Tab ကို နှိပ်၍ Facebook Account သစ် (၁) ခု ဆက်ဖောက်လိုက်ပါ။
Facebook Account အသစ် ဖောက်ရန် လိုအပ်တာများအား ပုံမှန်အတိုင်း ဖြည့်စွက် ဆောင်ရွက်ပါ။
ကံကောင်းလျှင် Facebook Account သစ် (၁) ခု တန်းပွင့် သွားပါလိမ့်မည်။
ကံမကောင်းလျှင် Facebook တန်း မပွင့်ပဲ fake name လို့ ပြောနေပါလိမ့်မည်။ ထိုသို့ ပြောနေလျှင် Continue ကို နှိပ်လိုက်ပါ။
စာလိမ် ပေါ်လာမည်။ ၎င်း စာလိမ်ကို ဖြည်လိုက်ပါ။
Text Message ဖြင့် Code No ပို့ရန် ဖုန်းနံပါတ် တောင်းခံနေသည်ကို  တွေ့ရပါ လိမ့်မည်။ စိတ် မပူပါနဲ့။ အဲဒီ နေရာမှာ -
Country ကို United States ထားပြီး
Phone No နေရာမှာ HeyWire က ဖုန်းနံပါတ် ထည့်ပေး လိုက်ပါ။ ( Gmail တုန်းက လိုပါပဲ )။
( HeyWire နံပါတ်ကို Gmail မှာရော၊ Facebook Account သစ် ဖောက်တဲ့ နေရာမှာရော (၂) ခု စလုံး သုံးမှာနော်။
ဒါဆိုပြီးလျှင် မိမိဖုန်းမှာ Internet ဖွင့်ထားပြီး HeyWire app ကို ဖွင့်ကြည့်လိုက်ပါ။  Facebook Account     သစ် ဆက်ဖောက်ရန် Code No ရောက်နေပါပြီး ခင်ဗျာ။ အဲဒီ Code နံပါတ်ကို Facebook Account ဖွင့်တဲ့ နေရာမှာ  ပြန်ထည့် ပေးလိုက်ပါ။
OK ပေး၊ Save Changes လုပ်လိုက်ပါ။ ပြန်ထွက်လိုက်ပါ။ Facebook Account ပွင့်သွားပါပြီ။ မယုံရင် ပြန်ဝင်ကြည့်ပါ။
Facebook Account ဖွင့်ရာတွင် ကျန်သည့် -
Email တွင် Mesasge ကို ကြည့်၍ Confirmation Code ယူပြီး၊ Facebook တွင် ထည့်သွင်း၍  Account Confirm လုပ်ခြင်း၊
Profile ဖြည့်သွင်းခြင်း၊
Find Friend လုပ်ခြင်းများအား ပုံမှန်အတိုင်းဆက်လက် ဆောင်ရွက်သွားကြရန် ဖြစ်ပါသည်။
ကျွန်တော် ပြောချင်သည်က  HeyWire ဖုန်းနံပါတ်သည် Gmail နှင့် Facebook Account သစ် ဖောက်ရာတွင်
Account တန်း မပွင့်ပဲ fake name လို့ ပြောနေခြင်း၊
Continue ကိုနှိပ်၊ စာလိမ် ဖြေခိုင်းခြင်း၊
စာလိမ် ဖြေပြီးလျှင် Text Message ဖြင့် Code No ပို့ရန် ဖုန်းနံပါတ် တောင်းခံ နေသည်ကို  ဤ HeyWire ဖုန်း နံပါတ်ပေး၍ ကျော်လို့ ရသည် ဆိုသည်ကို တင်ပြ လိုခြင်း ဖြစ်ပါသည်။
HeyWire apk file အား Play Store, Mobogenie တို့မှ Download ဆွဲပါ။ မဟုတ်လျှင် အောက်မှာ သွား Down  ယူ လိုက်ပါ။ ပြီး ဖုန်းတွင် Install လုပ်လိုက်ပါ။ ထို့နောက် HeyWire Account ဖွင့်၍ နိုင်ငံခြား ဖုန်းနံပါတ် (၁) ခု ရယူထားလိုက်ပါ။  HeyWire သည် iOS မှာရော၊ Android မှာရော  အသုံးပြု၍ ရပါသည်။
ကျွန်တော်၏ ယနေ့ ကြိုးစားချက် -
လူကြီးမင်းတို့အား လေးစားသော အားဖြင့် ကျွန်တော်သည် Gmail နှင့် Facebook Account ဖွင့်ရာတွင်
fake name လို့ ပြောနေခြင်းများ၊
Continue ကို နှိပ်၊ စာလိမ် ဖြေခိုင်းခြင်းများ၊
စာလိမ် ဖြည်ပြီးလျှင် Text Message ဖြင့် Code No ပို့ရန် ဖုန်းနံပါတ် တောင်းနေခြင်းများကို HeyWire Account မှ ရသော နိုင်ငံခြား ဖုန်းနံပါတ် (၁) ခု ထည့်၍
ပုံများနှင့်တကွ တင်ပြမည်ဟု ကြိုးစာခဲ့ရာ
ကျွန်တော် ကြိုးစား ဖွင့်ခဲ့သော
ပထမ - Gmail နှင့်
ဒုတိယ - Facebook Account တို့သည် ( ဖုးန်းနံပါတ် မပေးပဲ Broswer ဖြင့် ဖွင့်သော်ငြားလည်း တစ်ခါမှ fake name မပြောပဲ Account (၂) ခုစလုံး တန်းပွင့်သွားသည့်အတွက် ( HeyWire Account မှ ရသော နိုင်ငံခြား ဖုန်းနံပါတ် (၁) ခု ထည့်၍ ဆောင်ရွက်ရန် မလိုအပ်ပဲ ဖြစ်သွားသောကြောင့်) ကျွန်တော့်မှာ  ( ဝမ်းနည်းဝမ်းသာ၊ ဘာလုပ်ရမှန်း မသိ ) စေတနာ ရှေ့ထား ကြိုးစားပါသော်ငြားလည်း )  HeyWire Account မှ နိုင်ငံခြား ဖုန်းနံပါတ် (၁) ခု ထည့်၍ Account ဖွင့်ခြင်း လုပ်ငန်းဆိုင်ရာ
မှတ်တမ်းဓါတ်များ မရရှိလိုက်ပါကြောင်း ကျွန်တော်၏ ကြိုးစားမှုသည် အချည်းနှီးသာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည် ခင်ဗျာ)။
အောက်တွင် HeyWire apk for Android အား Down သွား နိုင်ပါသည် ခင်ဗျာ။
========================================================
HeyWire apk ( V 4.5.10 )
Zawgyi
HeyWire apk ( V 4.5.10 )
HeyWire Account ဖွင့်၍ နိုင်ငံခြားဖုန်းနံပတ် ( ၁ ) ခုယူထားလိုက်ပါ။
HeyWire Account ဖွင့်၍ ရရှိလာသော နိုင်ငံခြားဖုန်းနံပါတ်သည် လူကြီးမင်း Gmail နှင့် Facebook Account သစ်ဖောက်နေစဉ် Account မပွင့်ဘဲ fake name ပြောနေခြင်း၊ စာလိမ်ဖြေခိုင်းနေခြင်း၊ ဆက်လက်၍ Text Message ဖြင့် Code No ပို့ရန် ဖုန်းနံပါတ် တောင်းခံနေခြင်းများနှင့် ကြုံတွေ့နေရပါက ( တစ်ကယ်လည်း ကြုံတွေ့နေရပါသည် )  ၎င်းကိစ္စအား ကူညီဖြေရှင်းနိုင် သော ဖုန်းနံပါတ် ဖြစ်ပါသည်။
Browser ဖြင့် ပြုလုပ်မှာ ဖြစ်သည့်အတွက် ကွန်ပျူတာ ရှိလျှင် ကွန်းပျူတာဖြင့် ပြုလုပ်စေချင်ပါသည်။
Gmail အသစ်အား ( ဖုန်းနံပါတ် မပေးဘဲ ) Account အသစ် ( ၁ ) ခု ဖောက်လိုက်ပါ။
( HeyWire နံပါတ်ကို Gmail မှာရော၊ Facebook Account သစ်ဖောက်တဲ့နေရာမှာရော ( ၂ ) ခုလုံး သုံးမှာနော်။
Profile ဖြည့်ခြင်း၊
Find Friend လုပ်ခြင်းများအား ပုံမှန်အတိုင်း ဆက်လက် ဆောင်ရွက်သွားရန် ဖြစ်ပါသည်။
စာလိမ်ဖြေပြီးလျှင် Text Message ဖြင့် Code No ပို့ရန် ဖုန်းနံပါတ် တောင်းခံနေခြင်းများကို HeyWire Account မှ ရသော နိုင်ငံခြား ဖုန်းနံပါတ် ( ၁ ) ခုထည့်၍
ပုံများနှင့်တစ်ကွ တင်ပြမည်ဟု ကြိုးစားခဲ့ရာ
ပထမ - Gmail နှင့်
ဒုတိယ - Facebook Account တို့သည် ( ဖုန်းနံပါတ် မပေးပဲ Broswer ဖြင့် ဖွင့်သော်ငြားလည်း ) တစ်ခုမှ fake name မပြောဘဲ Account ( ၂ ) စလုံး တန်းပွင့်သွားသည့်အတွက် ( HeyWire Account မှ ရသော နိုင်ငံခြား ဖုန်းနံပါတ် ( ၁ ) ခု ထည့်၍ ဆောင်ရွက်ရန် မလိုအပ်ပဲ ဖြစ်သွားသောကြောင့် ) ကျွန်တော့်မှာ ( ဝမ်းနည်းဝမ်းသာ ဘာလုပ်ရမှန်းမသိ ) စေတနာရှေ့ထား ကြိုးစားပါသော်ငြားလည်း  HeyWire Account မှ ရသော နိုင်ငံခြား ဖုန်းနံပါတ် ( ၁ ) ခု ထည့်၍ Account ဖွင့်ခြင်းလုပ်ငန်းဆိုင်ရာ
မှတ်တမ်းတင်ဓါတ်ပုံများ မရရှိလိုက်ပါကြောင်း(  ကျွန်တော်၏ ကြိုးစားမှုသည် အချည်းနှီး သာဖြစ်ပါကြောင်း ) တင်ပြလိုက်ရပါသည်ခင်ဗျာ။
Download Here
Link 1 
https://www.dropbox.com/s/o2uiph4r1ue2u2m/HeyWire%20v4.5.10.apk?dl=0
Link 2
http://www.mediafire.com/download/c8tdqkt5p3ctbk6/HeyWire_v4.5.10.apk
အားလုံးအောင်မြင်ကြပါစေ
Leave a Reply
သင်၏ နည်းပညာလမ်းတစ်လျှောက်တွင် ကျွန်တော် တွေ့ရှိ မှတ်သားထားသော ဤ နည်းပညာလေးများသည် တံတားတစ်စင်း၊ လမ်းသွယ်လေးတစ်ခု အနေဖြင့် ရှိနေ နိုင်ပါစေ။
Subscribe to Posts | Subscribe to Comments
- Copyright © itParami - Date A Live - Powered by Blogger - Designed by Johanes Djogan -