Archive for July 2015
အဝေးမှ မိမိ မိတ်ဆွေထံသို့ Viber ကဲ့သို့ Messages, Photos, Audio, Video, Contacts, PDF Filesတွေ ပေးပို့နိုင်သော၊ Secret Chatting ထိုင်နိုင်သော လုပ်ငန်းများ လုပ်ဆောင် ပေးနိုင်သည့် Telegram apk V . 3.1.1 ( 11.87 MB )
By : Ayoe Swe Kaungမင်္ဂလာပါ ခင်ဗျာ၊ ယနေ့ ၁၃၇၇ - ခုနှစ်၊ ဒုတိယဝါဆိုလပြည့် ( အဘိဓမ္မာအခါတော်နေ့ )၊ ဗုဒ္ဓဘာသာဝင်တို့အတွက်
နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဒီနေ့မှာ ကျွန်တော်မှ ချစ်လှစွာသော စာရှုသူ စာဖတ် ပရိတ်သတ်အပေါင်းတို့အား
အဘိဓမ္မာအခါတော်နေ့လက်ဆောင်အဖြစ် Viber နှင့် အသုံးပြုပုံခြင်း အလားသဏ္ဍာန်တူသော
Telegram ဆိုသည့် Apk File လေး တစ်ခုနှင့် မိတ်ဆက် ပေးချင်ပါတယ်။ ဖော်ပြပါ Telegram apk သည်
အဝေးမှ မိမိ မိတ်ဆွေထံသို့ Viber ကဲ့သို့ Messages, Photos, Audio, Video, Contacts, PDF Files များ
ပေးပို့နိုင်သော၊ Secret Chatting ထိုင်နိုင်သော လုပ်ငန်းများ လုပ်ဆောင်ပေးနိုင်သည့် Apk လေး တစ်ခု
ပဲ ဖြစ်ပါသည်။ အသုံးပြုသူ အချင်းချင်း နှစ်ဦးနှစ်ဘက် ဒီ apk လေးကို Install လုပ်ထားရမှာ ဖြစ်ပြီး ဖုန်းနံပါတ် ဖြင့်
Activate ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Activate ပြုလုပ်ရတာ လွယ်ကူပြီး အသုံးပြုရတာလဲ လွယ်ကူပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်ကိုတော့ အောက်မှာ ပုံများနှင့် တတ်သိသလောက် ရှင်းလင်းဖော်ပြလိုက်ပါတယ်။
ကိုယ်က Viber နဲ့ မဟုတ်ပဲ ဒီ Telegram apk လေးပြောင်းပြီးတော့ မိမိ မိတ်ဆွေနဲ့
Secret Chatting ထိုင်နိုင်တယ် နော်။ Viber က လူသိများလို့ Secret Chat လုပ်မယ်ဆို ကိုယ့် ဘော်ဒါနဲ့
ဒါလေးဘဲ ကြိတ်သုံးနေလိုက် ပြီးရော။
Viber လောက်လူသုံး မများသော်လည်း နည်းပညာတစ်ခုအနေနှင့် စမ်းသပ်သုံးစွဲကြည့်ချင်တယ်ဆိုရင်ဖြင့်
အောက်မှာ Down သွားမယ်နော်။
======================================================
အားလုံးအောင်မြင်ကြပါစေ
Viber ကို မိမိ ကိုယ်ပိုင် ဖုန်းနံပါတ်ဖြင့် မဖွင့်လိုသူများအတွက်
By : Ayoe Swe KaungViber ကို မိမိ ကိုယ်ပိုင် ဖုန်းနံပါတ်ဖြင့် မဖွင့်လိုသူများအတွက်
Nextplus apk V. 1.3.4 ( 22.22 MB )
Unicode
Viber အား မိမိ ကိုယ်ပိုင် ဖုန်းနံပါတ်ဖြင့် မဖွင့်လိုသူများရှိပါက Nextplus apk ဖြင့်
US ဖုန်း နံပါတ် (၁) ခု ယူထားလိုက်ပါ။ ဖော်ပြပါ Nextplus US ဖုန်း နံပါတ်ကို အသုံးပြုပြီး
Viber Account လျှောက်ထားပြီး Activate လုပ်နိုင်ပါသဖြင့် Nextplus apk လေးကို
Down လို သူများရှိပါက တင်ပြ လိုက်ရပါတယ် ခင်ဗျာ။
Nextplus US ဖုန်း နံပါတ် ရရှိရန်
၁။ Apk ကို Down လိုက်ပါ။ Install လုပ်ပြီး ဖွင့်ပါ။ ထို့နောက် Sing Up နှိပ်ပြီး Account Sign Up လုပ်ပါ။
၂။ Sign Up လုပ်ရန် လိုအပ်သော ပုံစံများ ဖြည့်စွက်ပါ။ ထုံးစံအတိုင်း
First Name __________ Last Name ___________
Birthdate ___________ Gender______________
Email _______________ ( ပြင်ပတွင် အမှတ်တကယ်ရှိသော Email ဖြည့်ပါ။ Nextplus Account ဖွင့်ပြီးပါက
၎င်း Email သို့ သွား၍ Confirm Email ပြုလုပ်ပါ။)
Password ___________
တို့ပဲ ဖြစ်ပါတယ်။ Account ဖွင့်ပြီးပါက US ဖုန်း နံပါတ် ရရှိရန် Tap to get your free Nextplus Number
ကို နှိပ်ပါ။
ပုံမှာ ပြထားသည့်အတိုင်း စမ်းသပ် ဆောင်ရွက် နိုင်ပါသည်။
US ဖုန်း နံပါတ် ရပြီးဆိုပါက ၎င်း ဖုန်းနံပါတ်ဖြင့် Viber Account Activate လုပ်ရန် အသုံးပြု နိုင်ပါတယ်။
မိမိ ဖုန်းနံပါတ် မပေးလိုသူများ Viber ကို ၎င်း ဖုန်းနံပါတ် ဖြင့် ဖွင့်နိုင်ပါတယ်။
အားလုံး အဆင်ပြေကြပါစေ - နှော။
Nextplus apk V. 1.3.4 ( 22.22 MB ) ကို စိတ်ဝင်စားရင် D မှာ Down ပါ။
=====================================================
Viber Accouunt လျှောက်ထားပြီး Activate လုပ်နိုင်ပါသဖြင့် Nextplus apk လေးကို
First Name __________ Last Name ___________
Birthdate ___________ Gender______________
Email _______________ ( ပြင်ပတွင် အမှန်တကယ်ရှိသော Email ဖြည့်ပါ၊ Nextplus Account ဖွင့်ပြီးပါက
Password ___________
တို့ပဲဖြစ်ပါတယ်။ Account ဖွင့်ပြီးပါက US ဖုန်းနံပတ်ရရန် Tap to get your free Nextplus Number
ကို နှိပ်ပါ။
ပုံမှာ ပြထားသည့်အတိုင်း စမ်းသပ်ဆောင်ရွက်နိုင်ပါတယ်။
US ဖုန်းနံပါတ် ရပြီဆိုပါက ၎င်းဖုန်းနံပါတ်ကို Viber Account Activate လုပ်ရန် အသုံးပြုနိုင်ပါတယ်။
မိမိ ဖုန်းနံပါတ် မပေးလိုသူများ Viber ကို ၎င်း ဖုန်းနံပါတ်နှင့် ဖွင့်နိုင်ပါတယ်။
အားလုံးအောင်မြင်ကြပါစေ
ဖုန်း ပွင့်နေရာမှ ပြန်ပိတ် (မှိန်) သွား စေချင်ရင် ဖုန်းကို တစ်ချက်တောက်၊ ဖုန်း ပိတ်နေရာမှာ ပြန်ပွင့် (လင်း) လာ စေချင်ရင် ဖုန်းကို နှစ်ချက်တောက် Screen Off and Lock apk V. 1.17.3 ( 491.53 KB )
By : Ayoe Swe Kaungဖုန်းပိတ်နေရာမှ ပြန်ဖွင့် ( လင်း ) လာစေချင်ရင် ဖုန်းကို နှစ်ချက်တောက်
And
Knockr apk V. 1.6 ( 745.65 KB )
ဖုန်းအသုံးပြုပြီးသွား၍ ဖုန်းကို ( Power Button ) မနှိပ်ပဲ အမြန်ပြန်ပိတ် ( Screen Time Out/ Screen Sleep ) ဖြစ်သွားစေချင်ရင်
Screen Off and Lock apk လေးကို တစ်ချက် တောက် လိုက်ပါ ။
အမှန်မှာ ဖုန်းသည် Screen Off and Lock apk လေးကို မနှိပ်လဲ သူ၏ သတ်မှတ်အချိန်ကာလတစ်ခု
( 15 Sec, 30 Sec, 1 Minute ) အတွင်းမှာ သူ့အလိုလို အရောင်မှိန် ( Screen Time Out/ Screen Sleep ) ဖြစ်သွားမှာ ဖြစ်ပါတယ်။
သို့ပေမယ်လို့ ကျွန်တော်တို့ကတော့ ဖုန်းကို သုံးပြီးရင် အမြန်ချက်ချင်းကို ပြန်ပိတ်လိုက်ရမှ ကျေနပ်ပါမယ်ဆိုတဲ့
သူများအတွက် ဒီ Screen Off and Lock apk လေးကို Down ပြီး Install လုပ်လိုက်ပါ။
Apk ကို Install လုပ်ပြီးလျှင် Shortcut icon နှစ်ခုပေါ်လာမှာ ဖြစ်ပြီး နာရီလက်တံပုံလေးနဲ့ Shortcut ကတော့
Settings ချိန်ညှိရန် ဖြစ်ပါတယ်။ ( သူ့မှာ Screen off anitmation, Screen lock sound, Screen unlock sound
စသည်တို့ပါဝင်ပါတယ်။ လိုအပ်သလို အဲဒီမှာ Configure လုပ် နိုင် ပါတယ်။
နောက် Shortcut တစ်ခုကတော့ Screen ကို off and lock လုပ်ပေးမဲ့ icon လေး ဖြစ်ပါတယ်။ နာရီလက်တံ ပုံလေး မပါ ပါဘူး။
အဲဒီ Shortcut လေးကို နှိပ်ဖွင့်ပြီးတော့ အရင်ဦးစွာ Activate လုပ်ရမှာ ဖြစ်ပါတယ်။ Activate လုပ်ပြီးရင်တော့ သုံးလို့ ရပါပြီ။
အသုံးပြုမယ် ဆိုရင်တော့ ဖော်ပြပါ Short icon လေးကိုတော့ ဖုန်း၏ ရှေ့မျက်နှာစာ ( Home Screen ) ပေါ် နေရာလွတ် တစ်နေရာမှာ ရွှေ့ထားဖို့ လိုအပ်ပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီ Shortcut icon လေးကို နှိပ်ပြီးတော့ Screen ကို off And lock လုပ်ရမှာမို့ ဖြစ်ပါတယ်။
Screen Off and Lock apk ကို မသုံးချင်တော့၍ Uninstall လုပ်မယ်ဆိုရင် ပထမဦးစွာ
Settings - Security - Device Administrators ကို သွားပြီးတော့ Screen off and lock မှာ အမှန် ခြစ်လေးကို ဖြုတ် ပေး ( Uncheck လုပ်ပေး )
ရမှာ ဖြစ်ပါတယ်။ ပြီးမှ Settings - Manage Apps - All သို့ သွား၍ Screen Off and Lock apk ကို Unstall လုပ်ရမှာ ဖြစ်ပါတယ်။
Screen Off and Lock apk - Down ရန် Link
နောက်တစ်ခုကတော့
တဖန်ပြန်လည်၍ ဖုန်းဟာ ( Screen Time Out/ Sleep ) ဖြစ်နေရာမှ ဖုန်း ( Power Button ) မနှိပ်ပဲ ပြန်ဖွင့်
( Active ဖြစ် ) လာစေချင်တယ်ဆိုရင် Knockr apk လေးကို သုံးလိုက်ပါ။ သူဟာ ဖုန်း Screen ကို ( ၂ ) ချက်တောက်လိုက်ရုံနဲ့
ဖုန်းဟာ ( Unlock ) ပြန်ပွင့်လာမှာ ဖြစ်ပါတယ်။
ဆိုဒ် အတော်များများမှာ တင်ထားပြီး ကြိုက်နှစ်သက်သော လူအများ သုံးနေကြတာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ခုမှ ( အရူးထ - အဲ ဟုတ်ပေါင် ) မသိသေးသူများ၊
မသုံးရသေးသူများအတွက် ရည်ရွယ်၍ တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ သိပြီးဆရာ/ ဆရာမ များ လက်ရှောင် ကြပါ ခင်ဗျာ။
မှတ်ချက် ။ နည်းပညာ အရသာ တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ Knockr apk V. 1.6 ( 745.65 KB ) သည် အနော့်ဖုန်းတွင် စမ်းသပ်
ချက်အရ ( ဖုန်း စုတ်နေ၍လား မသိ ) အဆင် မပြေ ကြောင်းပါ ခင်ဗျာ။ ဖုန်းသစ် ဖုန်းကောင်း၊ ဖုန်း Version အမြင့် အသုံးပြုသူများအတွက် မဆိုလိုပါ။
ကြိုက်နှစ်သက်ရင် စမ်းသပ်ကြည့် နိုင် ပါတယ် ခင်ဗျာ။ Knockr apk - ဒီလင့်မှာ Down ပါ။
အားလုံးအောင်မြင်ကြပါစေ