Popular Post

Posted by : Ayoe Swe Kaung Thursday, July 16, 2015

ဖုန်းပွင့်နေရာမှ ပြန်ပိတ် ( မှိန် ) သွားစေချင်ရင် ဖုန်းကို တစ်ချက်တောက်
ဖုန်းပိတ်နေရာမှ ပြန်ဖွင့် ( လင်း ) လာစေချင်ရင် ဖုန်းကို နှစ်ချက်တောက်
Screen Off and Lock apk V. 1.17.3 ( 491.53 KB )
And
Knockr apk V. 1.6 ( 745.65 KB )

ဖုန်းအသုံးပြုပြီးသွား၍ ဖုန်းကို ( Power Button ) မနှိပ်ပဲ အမြန်ပြန်ပိတ် ( Screen Time Out/ Screen Sleep ) ဖြစ်သွားစေချင်ရင်
Screen Off and Lock apk လေးကို တစ်ချက် တောက် လိုက်ပါ ။
အမှန်မှာ ဖုန်းသည် Screen Off and Lock apk လေးကို မနှိပ်လဲ သူ၏ သတ်မှတ်အချိန်ကာလတစ်ခု
( 15 Sec, 30 Sec, 1 Minute ) အတွင်းမှာ သူ့အလိုလို အရောင်မှိန် ( Screen Time Out/ Screen Sleep ) ဖြစ်သွားမှာ ဖြစ်ပါတယ်။
သို့ပေမယ်လို့ ကျွန်တော်တို့ကတော့ ဖုန်းကို သုံးပြီးရင် အမြန်ချက်ချင်းကို ပြန်ပိတ်လိုက်ရမှ ကျေနပ်ပါမယ်ဆိုတဲ့
သူများအတွက် ဒီ Screen Off and Lock apk လေးကို Down ပြီး Install လုပ်လိုက်ပါ။
Apk ကို Install လုပ်ပြီးလျှင် Shortcut icon နှစ်ခုပေါ်လာမှာ ဖြစ်ပြီး နာရီလက်တံပုံလေးနဲ့ Shortcut ကတော့
Settings ချိန်ညှိရန် ဖြစ်ပါတယ်။ ( သူ့မှာ Screen off anitmation,  Screen lock sound, Screen unlock sound
စသည်တို့ပါဝင်ပါတယ်။ လိုအပ်သလို အဲဒီမှာ Configure လုပ် နိုင် ပါတယ်။
နောက် Shortcut တစ်ခုကတော့ Screen ကို off and lock လုပ်ပေးမဲ့ icon လေး ဖြစ်ပါတယ်။ နာရီလက်တံ ပုံလေး မပါ ပါဘူး။
အဲဒီ Shortcut လေးကို နှိပ်ဖွင့်ပြီးတော့ အရင်ဦးစွာ Activate လုပ်ရမှာ ဖြစ်ပါတယ်။ Activate လုပ်ပြီးရင်တော့ သုံးလို့ ရပါပြီ။
အသုံးပြုမယ် ဆိုရင်တော့ ဖော်ပြပါ Short icon လေးကိုတော့ ဖုန်း၏ ရှေ့မျက်နှာစာ ( Home Screen ) ပေါ် နေရာလွတ် တစ်နေရာမှာ ရွှေ့ထားဖို့ လိုအပ်ပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီ Shortcut icon လေးကို နှိပ်ပြီးတော့ Screen ကို off And lock လုပ်ရမှာမို့ ဖြစ်ပါတယ်။

Screen Off and Lock apk ကို မသုံးချင်တော့၍ Uninstall လုပ်မယ်ဆိုရင် ပထမဦးစွာ
Settings - Security - Device Administrators ကို သွားပြီးတော့ Screen off and lock မှာ အမှန် ခြစ်လေးကို ဖြုတ် ပေး ( Uncheck လုပ်ပေး )
ရမှာ ဖြစ်ပါတယ်။ ပြီးမှ Settings - Manage Apps - All  သို့ သွား၍ Screen Off and Lock apk ကို Unstall လုပ်ရမှာ ဖြစ်ပါတယ်။

Screen Off and Lock apk - Down ရန် Link

နောက်တစ်ခုကတော့
တဖန်ပြန်လည်၍ ဖုန်းဟာ ( Screen Time Out/ Sleep ) ဖြစ်နေရာမှ ဖုန်း ( Power Button ) မနှိပ်ပဲ ပြန်ဖွင့်
( Active ဖြစ် ) လာစေချင်တယ်ဆိုရင် Knockr apk လေးကို သုံးလိုက်ပါ။ သူဟာ ဖုန်း Screen ကို ( ၂ ) ချက်တောက်လိုက်ရုံနဲ့
ဖုန်းဟာ ( Unlock ) ပြန်ပွင့်လာမှာ ဖြစ်ပါတယ်။
ဆိုဒ် အတော်များများမှာ တင်ထားပြီး ကြိုက်နှစ်သက်သော လူအများ သုံးနေကြတာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ခုမှ ( အရူးထ - အဲ ဟုတ်ပေါင် ) မသိသေးသူများ၊
မသုံးရသေးသူများအတွက် ရည်ရွယ်၍ တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ သိပြီးဆရာ/ ဆရာမ များ လက်ရှောင် ကြပါ ခင်ဗျာ။
မှတ်ချက် ။ နည်းပညာ အရသာ တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ Knockr apk V. 1.6 ( 745.65 KB ) သည် အနော့်ဖုန်းတွင် စမ်းသပ်
ချက်အရ ( ဖုန်း စုတ်နေ၍လား မသိ ) အဆင် မပြေ ကြောင်းပါ ခင်ဗျာ။ ဖုန်းသစ် ဖုန်းကောင်း၊ ဖုန်း Version အမြင့် အသုံးပြုသူများအတွက် မဆိုလိုပါ။
ကြိုက်နှစ်သက်ရင် စမ်းသပ်ကြည့် နိုင် ပါတယ် ခင်ဗျာ။ Knockr apk - ဒီလင့်မှာ Down ပါ။







အားလုံးအောင်မြင်ကြပါစေ


Leave a Reply

သင်၏ နည်းပညာလမ်းတစ်လျှောက်တွင် ကျွန်တော် တွေ့ရှိ မှတ်သားထားသော ဤ နည်းပညာလေးများသည် တံတားတစ်စင်း၊ လမ်းသွယ်လေးတစ်ခု အနေဖြင့် ရှိနေ နိုင်ပါစေ။

Subscribe to Posts | Subscribe to Comments

- Copyright © itParami - Date A Live - Powered by Blogger - Designed by Johanes Djogan -