Popular Post

Archive for May 2015

ဓါတ်ပုံတွေပေါ်မှာ စာလေးတွေရေးပြီး မျှားလေးတွေ ထိုးရအောင် PicSay Pro apk ( 1.26 MB )

By : Ayoe Swe Kaung
ဖုန်းမှာ ရိုက်ထားတဲ့ဓါတ်ပုံတွေပေါ်မှာ မိမိလိုတဲ့ စာကြောင်းလေးတွေ
ရေးပြီး မျှားအညွှန်းလေးတွေကိုလဲ ကိုယ်ကြိုက်သလို လိုသလို ထိုးနိုင်ပါတယ်။
ဖုန်းကနေ Post တင်ချင်တဲ့ သူများလဲ ဒါကို သုံးနိုင်ပါတယ် နော်။
 

PicSay Pro apk ( 1.26 MB ) ကို 

 လိုချင်လို့ Down မယ်     ( သို့ )

ဟိုကနေ အဆင်မပြေလို့ ဒီကနေ ပြန် Down မယ်



ဤပုံကို ကြည့်ပါ၊ အဝေးက မြင်နိုင်သည်။


အားလုံး အဆင်ပြေချောမွေ့ကြပါစေ


Tag : ,

Facebook မှ Videos တွေကို Down ရန်အတွက် Facebook Downloader apk V. 3.0 ( 1.43 MB )

By : Ayoe Swe Kaung
Facebook Video တွေကို Down ချင်သူများ ဒါလေးကို သုံးကြည့်လိုက်ပါ။
Facebook က Video တွေကို Down သွားပါလိမ့်မယ် ခင်ဗျာ။
Google Play Store မှာ ရနိုင်ပါတယ်။ Play Store အဆင်မပြေသူများ
အောက်က Link ( ၂ ) ခုမှာ အဆင်ပြေရာမှ Down နိုင်ပါတယ်။
Facebook Video တွေကို Download ပြုလုပ်ရန်အတွက် တတ်နိုင်
သလောက် ပုံများနှင့်တကွ တွဲဘက်ရှင်းပြ ထားပါတယ်။

Facebook Downloader apk V. 3.0 ( 1.43 MB ) ကို  


ဒီလင့်ကနေ Down ပါ။  ဒါမှ မဟုတ် 

ဒီကနေ Down ကြည့်မယ်။







အားလုံးအောင်မြင်ကြပါစေ

Tag : ,

iPhone, iPad သမားတို့ မိမိတို့ သိရှိလိုတဲ့ မြေနေရာ တစ်ခု၏ အကွာအတေး၊ ပတ်လည်အနားနှင့် ဧရိယာ ဧကတို့ ဘယ်လောက် ရှိတယ် ဆိုတာကို mapmeasure ဖြင့် တိုင်းထွာကြမယ်

By : Ayoe Swe Kaung
mapmeasure app သည် မြေနေရာတစ်ခု၏ အကွာအဝေး၊ ပတ်လည်အနားနှင့် ဧရိယာဧက ဘယ်လောက်ရှိတယ်ဆိုတာကိုတွက်ချက်ပေးမှာ ဖြစ်ပါတယ်။
ပထမဦးစွာ mapmeasure ကို App Store မှ မိမိ Apple ID Account ဖြင့် Download ဆွဲလိုက်ပါ။
ပြီးလျှင် mapmeasure App ကိုဖွင့်လိုက်ပါ။
Location Services ကို On မလားဟု မေးပါလိမ့်မည်။ On လိုက်ပါ။
Location Services သည် Settings / Privacy / Location Services ( On ) ဆိုတာကို ဖွင့်လိုက်ပါ။ နောက်ထပ်ပွင့်လာသော app များထဲမှ mapmeasure ကို ရွေးပြီးတော့ On ပေးလိုက်ပါ။
App ကို ဆက် Run လိုက်ပါ။ မိမိလိုချင်သည့်နေရာသို့ သွားပါ။
မိမိလိုချင်သည့်နေရာရောက်လျှင် Zoom ချဲ့ယူပါ။
ပြီးလျှင် အောင်မှပုံများအတိုင်း စမ်းသပ် လုပ်ဆောင်ကြည့်ပါ ခင်ဗျာ။




mapmeasure app V.1.3 ( 34.7 MB )  က ဒီပုံလေးပါ။ App Store မှာ FREE ရပါတယ်။


မိမိလိုချင်သည့် ပုံအနေအထားအတိုင်း ရပြီဆိုလျှင် အကွာအဝေးတိုင်းလိုလျှင် ဒီတိုင်းထားပါ။




မိမိလိုချင်သည့် ပုံအနေအထားအတိုင်း ရပြီဆိုလျှင် ပတ်လည်အနားနှင့်
ဧရိယာဧကတိုင်းလိုလျှင် ဒီတိုင်းထားပါ။




Unit ကို မိမိနှစ်သက်ရာထားပါ။  Metric (m) နှင့် Imperial (ft) တို့ဖြစ်ပါတယ်။လူကြီးမင်းတိုင်းထွာလိုသည့် မြေနေရာ၏ တည်နေရာ လတ်တီကျု / လောင်ဂျီကျု ကိုလည်း ပြသနေမှာ ဖြစ်ပါတယ်။




မိမိတိုင်းလိုသည့် နခမ်းစပ်အနားကို အလယ်မှ ကြက်ခြေခတ်လေးနှင့်ချိန်ညှိလိုက်ပါ။    လိုချင်သည့်နေရာရောက်ပြီဆိုလျှင်
အမှတ်မှတ်သားရန် အောက်က ပင်အပ်ပုံလေးကို နှိပ်၍ Point မှတ်သားလိုက်ပါ။
အနားတိုင်း ထောင့်တိုင်းတွင် တစ်ပတ်လည်ပြည့်အောင် Point မှတ်သားပေးပါ







အားလုံးပြီးပြီဆိုရင်တော့ ရရှိသော အတိုင်းအတာများကို ဤပုံအတိုင်း ပြသပါလိမ့်မည်။
အလားတူ နောက်တစ်ခု ထပ်တိုင်းပြပါမယ်။

 
မိမိတိုင်းလိုသည့် နခမ်းစပ်အနားကို အလယ်မှ ကြက်ခြေခတ်လေးနှင့်ချိန်ညှိလိုက်ပါ။    လိုချင်သည့်နေရာရောက်ပြီဆိုလျှင်
အမှတ်မှတ်သားရန် အောက်က ပင်အပ်ပုံလေးကို နှိပ်၍ Point မှတ်သားလိုက်ပါ။
အနားတိုင်း ထောင့်တိုင်းတွင် တစ်ပတ်လည်ပြည့်အောင် Point မှတ်သားပေးပါ






တိုင်းတာ ရရှိတာတွေကတော့ ဒီတိုင်းဖြစ်ပါတယ်။ Unit သည် Metric (m) နှင့် ဖြစ်ပါတယ်။



Imperial (ft) ကို ပြောင်းလိုက်ရင်တော့ ဒီအတိုင်း ဖြစ်သွားမှာ ဖြစ်ပါတယ်။
ဧကသိလိုလျှင် ရရှိလာသော Square ft ကို ( 43560 Square ft ) နှင့်စားပါ၊ တစ်ဧကတွင် ( 43560 sq ft ) ရှိသောကြောင့် ဖြစ်ပါသည်။
စိတ်ဝင်စားတယ်ဆိုလျှင် စမ်းသပ်လုပ်ဆောင်ကြည့်နိုင်ပါတယ် ခင်ဗျာ။


အားလုံးအောင်မြင်ကြပါစေ

Tag : ,

ဖုန်းမှာ Viber သုံးလို့ အားမရသေးသူများ Computer နှင့် Viber ထပ်သုံးချင်ရင်

By : Ayoe Swe Kaung
Viber For PC V . 5.0.1.42 ( 41.5 MB )
Computer နဲ့ Viber သုံးစွဲခြင်းသည် ဖုန်းမှ Viber အား မိမိကွန်ပျူတာတွင်
Clone လုပ် သုံးစွဲခြင်း ဖြစ်ပါသည်။သို့ဖြစ်ပါ၍ ဖုန်းသည် Viber app အား Activate
လုပ်ထားသော ( Viber သုံးစွဲနေသော) ဖုန်းနံပါတ်ဖြစ်ရမှာဖြစ်ပြီး ၎င်းဖုန်းနံပါတ်အား
ကွန်ပျူတာတွင် Viber Install ပြုလုပ်သောအခါတွင် ပေးရမှာ ဖြစ်ပါသည်။

ပြုလုပ်ပုံ -
၁။ အောက်တွင် Download ရရှိသော PC အတွက် Viber အား ကွန်ပျူတာတွင် Install လုပ်လိုက်ပါ။
၂။ ဖုန်းနံပါတ်တောင်းလျှင် မိမိ Viber သုံးစွဲနေသော ဖုန်းနံပါတ်အား ရိုက်ထည့်ပေးလိုက်ပါ။ ( နိုင်ငံတော်အလံ ရွေးရာတွင် မိမိ နိုင်ငံတော်အလံ ( Myanmar - Burma ) ကို ရွေး၍ မိမိဖုန်းနံပါတ်အား ပေးလိုက်ပါ။
၃။ ဖုန်းတွင် Internet ဖွင့်ထားပြီး ကွန်ပျူတာအတွက် Viber မှ ပေးပို့လိုက်သော Code နံပါတ် (  ၄ ) လုံး
အား ( အချိန်အနည်းငယ်စောင့်၍ ) ရယူပါ။ Code နံပါတ်ရရှိလျှင် ၎င်း Code နံပါတ်အား ကွန်ပျူတာတွင် ရိုက်ထည့်ပေးလိုက်ပါ။ ဒါဆို ကွန်ပျူတာမှာ Viber သုံးလို့ ရပါပြီ။

ကွန်ပျူတာ Viber တွင် မြန်မာစာပေါ်စေရန် အခုပါရှိလာသော arial zawgyi Font အား Install ပြုလုပ်လိုက်ပါ။ ဒီ Font ကို ကျွန်တော် ဆိုဒ်တစ်ခုက ရယူထားတာပါ။
ရယူထားသော ဆိုဒ်ပိုင်ရှင်အား ကျေးဖူးပါ။ Font Install လုပ်ရန် Download ရရှိသော arial zawgyi Font အား ကွန်ပျူတာတွင် Select လုပ်ပြီး Mouse အား Right Click နှိပ်လိုက်ပါ။ ပေါ်လာသော Menu Box ထဲမှ Install ဆိုတာကို ရွေးနှိပ်လိုက်ပါ။ ဟိုလိုလို ဒီလိုလို Yes or No မေးလာလျှင် Yes ကို ရွေးပေးလိုက်ပါ။ ဒါဆိုလျှင် ကွန်ပျူတာတွင် Font Install လုပ်ပြီးဖြစ်သွားပါလိမ့်မည်။

ပြီးလျှင် ကွန်ပျူတာတွင် Viber အား စမ်းသုံးကြည့်ပါ။ ( Viber သုံးမှာဖြစ်၍ Internet ဖွင့်ထားပါ။ )
၁။ အခြားလူမှ ပေးပို့သော Viber Message အား မိမိမှ မြန်မာလို မြင်ရမည်ဖြစ်ပြီး
၂။ မိမိက တဘက်လူသို့ ပေးပို့သော Message တွင်
တဘက်လူမှ မိမိပေးပို့သော မြန်မာစာ Message အား အမှန်အတိုင်း မြင်ရမည် ဖြစ်ပြီး
မိမိက ကွန်ပျူတာတွင် ၎င်း Message အား မြန်မာလို စာရိုက်သောအခါတွင် အချို့ စာလုံးများ အလိမ်အကောက်အကွေး အက္ခရာမမှန်တာကို တွေ့ရမှာ ဖြစ်ပါသည်။ သို့သော် တဘက်လူတွင် Message က စာအမှန်အတိုင်းပေါ်မည်ဖြစ်ပါသည်။ အဆိုပါ Error သည် ကွန်ပျူတာ Operating System - Windows - 7, Windows - 8 များပေါ်တွင် မူတည်၍ တစ်ခုနှင့်တစ်ခု မတူပါကြောင်း တင်ပြလိုက်ရပါသည်။

ကွန်ပျူတာအတွက် Viber For PC V . 5.0.1.42 ( 41.5 MB ) အား ဒီလင့်မှာ Down ပါ။ 

ကွန်ပျူတာ Viber တွင် မြန်မာလို ဖတ်လို့ရအောင် arial zawgyi Font အား ဒီနေရာမှာ Down မယ်။






အားလုံးအဆင်ပြေကြပါစေ

- Copyright © itParami - Date A Live - Powered by Blogger - Designed by Johanes Djogan -