Popular Post

Posted by : Ayoe Swe Kaung Monday, May 4, 2015

mapmeasure app သည် မြေနေရာတစ်ခု၏ အကွာအဝေး၊ ပတ်လည်အနားနှင့် ဧရိယာဧက ဘယ်လောက်ရှိတယ်ဆိုတာကိုတွက်ချက်ပေးမှာ ဖြစ်ပါတယ်။
ပထမဦးစွာ mapmeasure ကို App Store မှ မိမိ Apple ID Account ဖြင့် Download ဆွဲလိုက်ပါ။
ပြီးလျှင် mapmeasure App ကိုဖွင့်လိုက်ပါ။
Location Services ကို On မလားဟု မေးပါလိမ့်မည်။ On လိုက်ပါ။
Location Services သည် Settings / Privacy / Location Services ( On ) ဆိုတာကို ဖွင့်လိုက်ပါ။ နောက်ထပ်ပွင့်လာသော app များထဲမှ mapmeasure ကို ရွေးပြီးတော့ On ပေးလိုက်ပါ။
App ကို ဆက် Run လိုက်ပါ။ မိမိလိုချင်သည့်နေရာသို့ သွားပါ။
မိမိလိုချင်သည့်နေရာရောက်လျှင် Zoom ချဲ့ယူပါ။
ပြီးလျှင် အောင်မှပုံများအတိုင်း စမ်းသပ် လုပ်ဆောင်ကြည့်ပါ ခင်ဗျာ။




mapmeasure app V.1.3 ( 34.7 MB )  က ဒီပုံလေးပါ။ App Store မှာ FREE ရပါတယ်။


မိမိလိုချင်သည့် ပုံအနေအထားအတိုင်း ရပြီဆိုလျှင် အကွာအဝေးတိုင်းလိုလျှင် ဒီတိုင်းထားပါ။




မိမိလိုချင်သည့် ပုံအနေအထားအတိုင်း ရပြီဆိုလျှင် ပတ်လည်အနားနှင့်
ဧရိယာဧကတိုင်းလိုလျှင် ဒီတိုင်းထားပါ။




Unit ကို မိမိနှစ်သက်ရာထားပါ။  Metric (m) နှင့် Imperial (ft) တို့ဖြစ်ပါတယ်။လူကြီးမင်းတိုင်းထွာလိုသည့် မြေနေရာ၏ တည်နေရာ လတ်တီကျု / လောင်ဂျီကျု ကိုလည်း ပြသနေမှာ ဖြစ်ပါတယ်။




မိမိတိုင်းလိုသည့် နခမ်းစပ်အနားကို အလယ်မှ ကြက်ခြေခတ်လေးနှင့်ချိန်ညှိလိုက်ပါ။    လိုချင်သည့်နေရာရောက်ပြီဆိုလျှင်
အမှတ်မှတ်သားရန် အောက်က ပင်အပ်ပုံလေးကို နှိပ်၍ Point မှတ်သားလိုက်ပါ။
အနားတိုင်း ထောင့်တိုင်းတွင် တစ်ပတ်လည်ပြည့်အောင် Point မှတ်သားပေးပါ







အားလုံးပြီးပြီဆိုရင်တော့ ရရှိသော အတိုင်းအတာများကို ဤပုံအတိုင်း ပြသပါလိမ့်မည်။
အလားတူ နောက်တစ်ခု ထပ်တိုင်းပြပါမယ်။

 
မိမိတိုင်းလိုသည့် နခမ်းစပ်အနားကို အလယ်မှ ကြက်ခြေခတ်လေးနှင့်ချိန်ညှိလိုက်ပါ။    လိုချင်သည့်နေရာရောက်ပြီဆိုလျှင်
အမှတ်မှတ်သားရန် အောက်က ပင်အပ်ပုံလေးကို နှိပ်၍ Point မှတ်သားလိုက်ပါ။
အနားတိုင်း ထောင့်တိုင်းတွင် တစ်ပတ်လည်ပြည့်အောင် Point မှတ်သားပေးပါ






တိုင်းတာ ရရှိတာတွေကတော့ ဒီတိုင်းဖြစ်ပါတယ်။ Unit သည် Metric (m) နှင့် ဖြစ်ပါတယ်။



Imperial (ft) ကို ပြောင်းလိုက်ရင်တော့ ဒီအတိုင်း ဖြစ်သွားမှာ ဖြစ်ပါတယ်။
ဧကသိလိုလျှင် ရရှိလာသော Square ft ကို ( 43560 Square ft ) နှင့်စားပါ၊ တစ်ဧကတွင် ( 43560 sq ft ) ရှိသောကြောင့် ဖြစ်ပါသည်။
စိတ်ဝင်စားတယ်ဆိုလျှင် စမ်းသပ်လုပ်ဆောင်ကြည့်နိုင်ပါတယ် ခင်ဗျာ။


အားလုံးအောင်မြင်ကြပါစေ

Leave a Reply

သင်၏ နည်းပညာလမ်းတစ်လျှောက်တွင် ကျွန်တော် တွေ့ရှိ မှတ်သားထားသော ဤ နည်းပညာလေးများသည် တံတားတစ်စင်း၊ လမ်းသွယ်လေးတစ်ခု အနေဖြင့် ရှိနေ နိုင်ပါစေ။

Subscribe to Posts | Subscribe to Comments

- Copyright © itParami - Date A Live - Powered by Blogger - Designed by Johanes Djogan -