Popular Post

Posted by : Ayoe Swe Kaung Saturday, May 2, 2015

Viber For PC V . 5.0.1.42 ( 41.5 MB )
Computer နဲ့ Viber သုံးစွဲခြင်းသည် ဖုန်းမှ Viber အား မိမိကွန်ပျူတာတွင်
Clone လုပ် သုံးစွဲခြင်း ဖြစ်ပါသည်။သို့ဖြစ်ပါ၍ ဖုန်းသည် Viber app အား Activate
လုပ်ထားသော ( Viber သုံးစွဲနေသော) ဖုန်းနံပါတ်ဖြစ်ရမှာဖြစ်ပြီး ၎င်းဖုန်းနံပါတ်အား
ကွန်ပျူတာတွင် Viber Install ပြုလုပ်သောအခါတွင် ပေးရမှာ ဖြစ်ပါသည်။

ပြုလုပ်ပုံ -
၁။ အောက်တွင် Download ရရှိသော PC အတွက် Viber အား ကွန်ပျူတာတွင် Install လုပ်လိုက်ပါ။
၂။ ဖုန်းနံပါတ်တောင်းလျှင် မိမိ Viber သုံးစွဲနေသော ဖုန်းနံပါတ်အား ရိုက်ထည့်ပေးလိုက်ပါ။ ( နိုင်ငံတော်အလံ ရွေးရာတွင် မိမိ နိုင်ငံတော်အလံ ( Myanmar - Burma ) ကို ရွေး၍ မိမိဖုန်းနံပါတ်အား ပေးလိုက်ပါ။
၃။ ဖုန်းတွင် Internet ဖွင့်ထားပြီး ကွန်ပျူတာအတွက် Viber မှ ပေးပို့လိုက်သော Code နံပါတ် (  ၄ ) လုံး
အား ( အချိန်အနည်းငယ်စောင့်၍ ) ရယူပါ။ Code နံပါတ်ရရှိလျှင် ၎င်း Code နံပါတ်အား ကွန်ပျူတာတွင် ရိုက်ထည့်ပေးလိုက်ပါ။ ဒါဆို ကွန်ပျူတာမှာ Viber သုံးလို့ ရပါပြီ။

ကွန်ပျူတာ Viber တွင် မြန်မာစာပေါ်စေရန် အခုပါရှိလာသော arial zawgyi Font အား Install ပြုလုပ်လိုက်ပါ။ ဒီ Font ကို ကျွန်တော် ဆိုဒ်တစ်ခုက ရယူထားတာပါ။
ရယူထားသော ဆိုဒ်ပိုင်ရှင်အား ကျေးဖူးပါ။ Font Install လုပ်ရန် Download ရရှိသော arial zawgyi Font အား ကွန်ပျူတာတွင် Select လုပ်ပြီး Mouse အား Right Click နှိပ်လိုက်ပါ။ ပေါ်လာသော Menu Box ထဲမှ Install ဆိုတာကို ရွေးနှိပ်လိုက်ပါ။ ဟိုလိုလို ဒီလိုလို Yes or No မေးလာလျှင် Yes ကို ရွေးပေးလိုက်ပါ။ ဒါဆိုလျှင် ကွန်ပျူတာတွင် Font Install လုပ်ပြီးဖြစ်သွားပါလိမ့်မည်။

ပြီးလျှင် ကွန်ပျူတာတွင် Viber အား စမ်းသုံးကြည့်ပါ။ ( Viber သုံးမှာဖြစ်၍ Internet ဖွင့်ထားပါ။ )
၁။ အခြားလူမှ ပေးပို့သော Viber Message အား မိမိမှ မြန်မာလို မြင်ရမည်ဖြစ်ပြီး
၂။ မိမိက တဘက်လူသို့ ပေးပို့သော Message တွင်
တဘက်လူမှ မိမိပေးပို့သော မြန်မာစာ Message အား အမှန်အတိုင်း မြင်ရမည် ဖြစ်ပြီး
မိမိက ကွန်ပျူတာတွင် ၎င်း Message အား မြန်မာလို စာရိုက်သောအခါတွင် အချို့ စာလုံးများ အလိမ်အကောက်အကွေး အက္ခရာမမှန်တာကို တွေ့ရမှာ ဖြစ်ပါသည်။ သို့သော် တဘက်လူတွင် Message က စာအမှန်အတိုင်းပေါ်မည်ဖြစ်ပါသည်။ အဆိုပါ Error သည် ကွန်ပျူတာ Operating System - Windows - 7, Windows - 8 များပေါ်တွင် မူတည်၍ တစ်ခုနှင့်တစ်ခု မတူပါကြောင်း တင်ပြလိုက်ရပါသည်။

ကွန်ပျူတာအတွက် Viber For PC V . 5.0.1.42 ( 41.5 MB ) အား ဒီလင့်မှာ Down ပါ။ 

ကွန်ပျူတာ Viber တွင် မြန်မာလို ဖတ်လို့ရအောင် arial zawgyi Font အား ဒီနေရာမှာ Down မယ်။






အားလုံးအဆင်ပြေကြပါစေ

Leave a Reply

သင်၏ နည်းပညာလမ်းတစ်လျှောက်တွင် ကျွန်တော် တွေ့ရှိ မှတ်သားထားသော ဤ နည်းပညာလေးများသည် တံတားတစ်စင်း၊ လမ်းသွယ်လေးတစ်ခု အနေဖြင့် ရှိနေ နိုင်ပါစေ။

Subscribe to Posts | Subscribe to Comments

- Copyright © itParami - Date A Live - Powered by Blogger - Designed by Johanes Djogan -