Archive for November 2014
အပျော်တမ်း သင့်ကိုယ်ပိုင် Facebook id card လုပ်မလား
By : Ayoe Swe Kaung
၁။
Internet ဖြင့္ပါ။ Browser တစ်ခုခုဖွင့်ပြီး ဒီလင့် www.facebook id card ကို သွားလိုက်ပါ။
၂၊
Create Your Facebook ID Card Here. Its FREE ကို နှိပ်လိုက်ပါ။
၃။ Click
here to Get Your Facebook ID Card ကိုနှိပ် ဆက်သွားပါ။
၎။ နောက်တခါလဲ
ဒါကိုပဲဆက်နှိပ်ပါ။ Click here to Get Your Facebook
ID Card။
( Click here to Get Your Facebook ID Card နှိပ်တာ
၂ ခါ ဖြစ်သွား
မှာပေါ့ဗျာ။ )
၅။ မိမိ
Facebook id card ပြုလုပ်လိုတဲ့ Facebook Account Email ရယ်
Password ရယ် ရိုက်ထည့်ပြီး၊ Log in ဝင်လိုက်ပါ။
မကြောက်ပါနဲ့၊ ဆက်
ဒိုးပါ။
၆။ XYZ
Fun Apps will receive the following info:
your public profile, friend list and
birthday.
ပေါ်လာရင် Okay နှိပ်လိုက်ပေါ့ဗျာ။
ပြောနေတာ ကြာတယ်။ အောက်မှာ ပုံလေးတွေ ကြည့်လုပ်လိုက်ပါ။
သိပြီးသား ဆိုလျှင်လဲ ကျော်သွားကြပါ ဆရာကြီးတို့။
အားလုံးအောင်မြင်ကြပါစေ
Tag :
Gmail & Facebook Account,
မူလ ဝယ်ယူစဉ် အခါ ကတည်းက ဖုန်း အသံ တိုး နေသူများအတွက်
By : Ayoe Swe Kaung
SpeakerBoost Apk
မူလဝယ်ယူစဉ်
အခါကတည်း ဖုန်းအသံတိုးနေသူများ အောက်ဖော်ပြပါ SpeakerBoost Android apk လေးအား သုံးကြည့်လိုက်ပါ။
အဆင်ပြေ သွားပါလိမ့်မည်။ Volume အသံ ချဲ့ပေးသည့် apk များစွာ ရှိသော်လည်း ထူးမခြားနား
apk များ ရှိကြပါသည်။ ဒီကောင်လေးကတော့ ထူးခြားပါလိမ့် မည်။
1.
Ring Tone Volume အား 100 % မြှင့်ထားပါ။
2.
SpeakerBoost apk အား ဖွင့်လိုက်ပါ
3.
Boost Volume အား 30 % မှ 40 % ထိမြှင့်ထားကြည့်ပါ။ OK မှာ ဆိုပြေပေါ့ဗျာ။
Download
Here
Link
- 1
Link
- 2
အားလုံးအောင်မြင်ကြပါစေ
Tag :
Android apps,
မိမိ သုံးနေတဲ့ apps တွေကို SD Card နှင့် Internal Storage ဟိုဘက် ဒီဘက် ရွှေ့ကြမယ်
By : Ayoe Swe Kaung
Apps2SD
apk လေးနဲ့ပေါ့
Apps2SD
apk လေးကတော့ လူသုံးတော်တော်များနေပါပြီ။ သူ့ကို မသုံး သော်လည်း အလားတူဆင်တူ apk များလည်း
မြောက်များစွာ သုံးစွဲနေကြ တာ ရှိပါသည်။ သို့သော်လည်း မသိသေးများ၊ မသုံးဘူးသေးသူများ၊
သုံးရန် ရည်ရွယ်ထားပြီး ဘာသုံးရမှန်းမသိသူများအတွက် ရည်ရွယ်၍ တင်ပြလိုက် ရပါသည်။
Apps2SD သည် ဖုန်း Internal Storage ထဲမှ applications များကို မိမိဖုန်း၏ SD Card
( External Strorage ) သို့ ရွှေ့ပြောင်းပေး သော ( သို့ ) ဖုန်း External Storage (
SD Card ) ထဲမှ applications များကို မိမိဖုန်း၏
( Internal Strorage ) သို့ ပြန်လည်ရွှေ့ပြောင်းပေး သော apk ပဲ ဖြစ်ပါသည်။
၁။
ဖုန်း၏ Internal Storage သည် ပမာဏနည်းသဖြင့် applictions များ၊ Games များ ထည့်သွင်းထားခြင်းများလာသောအခါ
နေရာယူမှု များလာပြီး နေရာလွတ် သိပ်မကျန်တော့သည့်အတွက် ဖုန်းလေးလံလာခြင်းများ ဖြစ် လာပြီး
နောက်ထပ်မိမိအလိုရှိသည့် applictions များ၊ games များ ထည့် သွင်းသောအခါ မိမိဖုန်းတွင်
နေရာလွတ်သိပ်မကျန်တော့သည့်အတွက် Insufficient Space ဟူသော ပြဿနာ ပေါ်ခြင်းနှင့် ရင်ဆိုင်
ရနိုင်ပါသည်။ ထိုသို့သော အခြေအနေမျိုးတွင် မိမိတွင်ရှိသော applictions/ games များ
အား မိမိဖုန်းတွင် အပိုစိုက်ထားသော External Storage ခေါ် SD Card ထဲသို့ ရွှေ့ပြောင်း
ထည့်သွင်းပေးခြင်းသည် Insufficient Space ဟူသော စာတမ်းပေါ်လာပြီး applictions/ games
များအား နောက်ထပ် ထပ်ထည့်၍ မရသော ပြဿနာမှ ဖြေရှင်းပေးသောနည်းလမ်း တစ်ခုလည်းဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် External Storage ( SD
Card ) သည် မိမိဖုန်း၏ ( Internal Strorage ) ထက် သိုလှောင်နိုင်မှု ပမာဏ (
G ) ပိုမိုများသော ကြောင့် ဖြစ်ပါသည်။
၂။
ထို့အပြင် မိမိ SD Card အား အသစ်လဲလှယ်မည်ဆိုပါက ထို SD Card အတွင်း ရောက်နေသော
apps / games များကို Card မလဲလှယ်မီ မိမိဖုန်း အတွင်းသို့ ရနိုင်သမျှ ပြန်လည် ရွှေ့ပြောင်း
ရယူနိုင်ပြီးမှ မိမိ SD Card အားအသစ်လဲလှယ်ခြင်းသည် မိမိအသုံးပြုနေနေသော apps /
games ဆုံးရှုံးသွားခြင်းမှ ကာကွယ်ရာ ရောက်ပါသည်။ သို့ဖြစ်ပါ၍ Applictions များ၊ Games များ ကို ဟိုဘက်/ ဒီဘက်
ရွှေ့ပြောင်နိုင်သော Apps2SD apk လေးကို စမ်းသုံးကြည့်ကြရအောင် ခင်ဗျာ။ သိပြီးသားသူများ
ကျော်/ ခွ/ ဟိုဘက်လှည့်/ မမြင်ချင်ယောင် ဆောင်သွားကြရန် ဖြစ်ပြီး၊ မသိသေးသူ များ အတွက်သာ
ရည်ရွယ်ပါသည်။ ဆရာကြီးများ အတွက် မဟုတ်ပါ။
Play
store / 1 Mobile Market နှင့် Mobogenie တို့မှ အဆင်ပြေသလို Down နိုင်ပါသည်။
Download လုပ်၍ အဆင်မပြေသူများအတွက် ဖော်ပြပါ Link မှ လူကြီးမင်းတို့ အလိုရှိသလို
Down နိုင်ပါသည်။ Link ( ၂ ) ခုပေး ထားပါသည်။ Apps2SD apk v 2.9 ပါ 1.34 MB ရှိပါသည်။
အားလုံးကို ကျေးဇူးတင်ပါ တယ်ခင်ဗျာ။
အားလုံးအောင်မြင်ကြပါစေ
Tag :
Android apps,
Xender နဲ့ Applications တွေ Share ကြမယ်
By : Ayoe Swe Kaung
Xender
Application ကေတာ့ Zapya လုိပါပဲ။ Android Phone တွေမှာ Application / File /
Photo တွေ တစ်ခုနှင့်တစ်ခု ပေးပို့လို့ရတဲ့
Application လေးပါ။ Zapya ကို လူတိုင်း သိကြပေမဲ့ Xender ကိုတော့ လူတိုင်း မသုံးစွဲကြသေးပါဘူး။
ဒါကြောင့် သုံးစွဲလိုသော ဆန္ဒရှိကြသူများ သုံးစွဲ နိုင်ကြစေရန် တင်ပြလိုက်ရပါသည်။ သုံးစွဲနည်းကတော့
လွယ်လွယ် ကူကူ ပါပဲ။ Zapya သုံးနေသူများ အတွက် ဘာမှထူးဆန်းမည် မဟုတ်ပါ။
ထုံးစံအတိုင်း
Application အား ဖွင့်လိုက်ပါ။
ပထမဆုံး
သုံးသူများအနေဖြင့် Application ပွင့်လာလျှင် Screen အား ဘယ်ဘက်သို့ ( ၃ ) ကြိမ်ရွှေ့လိုက်ပါ။
နောက် Start ခလုတ်အား နှိပ်လိုက်ပါ။ ပြီးမှ Files များ Share ရန် Connect to Share
ကိုနှိပ်လိုက်ပါ။ Xender အား ပထမအကြိမ် သုံးစွဲခြင်းမဟုတ်ပါက Screen အား ဘယ် ဘက်သို့
( ၃ ) ကြိမ် ရွှေ့၍ Start ခလုတ်အား နှိပ်ရန် မလိုပါ။ Connect to Share ကို နှိပ်ပြီးပါက
ဖုန်းတစ်ခုနှင့်တစ်ခု ချိတ်ဆက်ရန် တစ်ဦးမှ Create Group ကိုရွေးလျှင် တစ်ဦးမှ
Join Group ကို ရွေးရန် ဖြစ်ပါသည်။ ပြောင်း ပြန် တစ်ဦးမှ Join Group ကိုရွေးလျှင်
တစ်ဦးမှ Create Group ကို ရွေးရန် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ပြီးပါက ဖုန်းတစ်ခုနှင့်တစ်ခု ချိတ်ဆက်ရန်
Searching
လုပ်နေပါလိမ့်မည်။ မိမိဖုန်း ကွန်ယက်တွင် အခြားဖုန်းအားချိတ် ဆက်မိ၍ ဖုန်းပုံလေးပေါ်လာပြီဆိုလျှင်တော့
၎င်းဖုးန်းအား Select လုပ် လိုက်ပါ။ ချိတ်ဆက်သွား ပါလိမ့်မည်။ ဒါဆိုလျှင် တစ်ဦးနှင့်
တစ်ဦး ဖုန်းချင်းချိတ်ဆက်၍ စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ iOS သမားများ App
Store မှ Down နိုင်သလို Android သမားများ Play Store မှ Down နိုင်ပါသည်။ Android
သမားများအတွက် Xender နောက်ဆုံးထွက် Version လေး
2.1.1 အား တင်ပေးလိုက်ပါသည်။ 6.70 MB ရှိပါသည်။ လိုချင်လျှင်တော့ အောက်မှာ သွားပြီး
လွတ်လွတ်လပ်လပ်သာ Down လိုက်ပါ - ခင်ဗျာ။ ဆရာကြီးများ မမြင်ချင်ယောင် ဆောင်သွား ကြပါရန်
တောင်းပန်အပ်ပါသည်။
Download
Here
အားလုံးအောင်မြင်ကြပါစေ
Tag :
Android apps,